ပျော်ရွှင်ဖွယ် မကောင်းသော အိမ်ထောင်ရေးကို ပိုင်ဆိုင် ထားခြင်းသည်
နှလုံးရောဂါ ဖြစ်ပွားစေမှု ပိုမို တိုးမြင့်စေကာ အသက်ကိုပင် နုတ်ယူ
သွားနိုင်သည်။ ထိုကဲ့သို့ အိမ်
ထောင်ရေးတွင် ပျော်ရွှင်မှု မရှိခြင်းကြောင့် နှလုံးရောဂါ ခံစားရကာ
သေဆုံးခဲ့ရသည့် အထောက် အထားပေါင်း များစွာကိုလည်း သုတေသန ပညာရှင်များက
ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။ ယခု နောက်ဆုံး တွေ့ရှိချက် တစ်ခုမှာ
အိမ်ထောင်ရေးတွင် မပျော်ရွှင်ခြင်းသည် ဦးခေါင်းနှင့် လည်ပင်းသို့ ပို့သော
သွေးကြောများ ပါဝင်သည့် အဓိက သွေးလွှတ်ကြော နှစ်ခုအနက် တစ်ခုဖြစ်သည့်
(Carotid Artery) ကိုပို၍ ထူထဲ လာစေပြီး နှလုံး သွေးကြော ဆိုင်ရာ ရောဂါများ
ဖြစ်ပွားမှု ပိုမို တိုးတက် လာခြင်းပင် ဖြစ်သည်။
လေ့လာ
တွေ့ရှိချက်များ အရ လူတစ်ဦး တစ်ယောက်၏ ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ဆိုင်ရာ
အရည်အသွေးနှင့် ပုံစံသည် အဆိုပါ လူပုဂ္ဂိုလ်၏ နှလုံးရောဂါ အပါအဝင် အခြား
ကျန်းမာရေး ပြဿနာများနှင့် ဆက်စပ်လျက် ရှိကြောင်း အဆိုပါ သုတေသန
အဖွဲ့ခေါင်းဆောင် ဖြစ်သူ ပစ်တ်ဘာ့ဂ် တက္ကသိုလ်မှ သောမတ်စ်ကမာ့ခ်က
ပြောကြားခဲ့သည်။ လူသားတို့၏ နေ့စဉ် ဘဝများတွင် နေထိုင် ဆက်ဆံမှုများ
အဆင်မပြေ ဖြစ်ခြင်းသည် အဆိုပါ Carotid Artery အတွင်း သွေးလွှတ်ကြော နံရံတွင်
အဆီချပ်ကို ဖြစ်ပေါ် စေနိုင်ပြီးနောက် ဆိုးရွားသော အကျိုးဆက်ကို
ရရှိစေနိုင်သည်ကို ပညာရှင်များက တွေ့ရှိ ထားကြောင်း ယခုလထုတ် Psychosomatic
Medicine ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။
ထို့အပြင် Carotid Artery
အတွင်း သွေးလွှတ်ကြော နံရံတွင် အဆီချပ် ဖြစ်ပေါ်ပြီးနောက် ရုတ်တရက်
နှလုံးခုန် ရပ်တန့်သည့် ရောဂါကို ခံစား ရရှိနိုင်မှုသည် သာမန်ထက်၈ ဒသမ ၅
ရာခိုင်နှုန်း ပိုမိုမြင့်မားလာလျက် ရှိကြောင်း သုတေသန အဖွဲ့တွင် ပါဝင်သည့်
နာတာရီယာ ဂျိုးဆက်ပ် ကလည်း ပြောကြားခဲ့သည်။
ထို့ကြောင့် လူသားများ၏
နေ့စဉ် လူနေမှုဘဝတွင် ဘဝဖော် အချင်းချင်း ရင်းနှီး ချစ်ခင်စွာ နေထိုင်
နိုင်မှုသည် ပျော်ရွှင် စိတ်ချမ်းသာမှုကို ပေးစွမ်း နိုင်ပြီး သုတေသန
ပညာရှင်များ ရှာဖွေ တွေ့ရှိထားသည့် ရောဂါများမှ ကင်းဝေး စေကာ အောင်မြင်
ပျော်ရွှင်သော ဘဝတစ်ခုကို ဖန်တီး တည်ဆောက် နိုင်မည် ဖြစ်ပေသည်။ ။

No comments:
Post a Comment