Monday, January 18, 2016

အမေရိကန်၌ ရေပန်းစားလာသော လူမှုကွန်ရက် Application သစ် Facebook နှင့် Twitter ကို အမီ လိုက်ဖွယ်ရှိ

အမေရိကန်၌ ရေပန်းစားလာသော လူမှုကွန်ရက် Application သစ် Facebook နှင့် Twitter ကို အမီ လိုက်ဖွယ်ရှိ အမေရိကန်နိုင်ငံ၌ ရေပန်းအစားဆုံး Application စာရင်းတွင် ဝင်ရောက်လာသည့် Peach သည် Facebook နှင့် Twitter တို့ကဲ့သို့ နာမည်ကျော် လူမှုကွန်ရက်များကို ကျော်ဖြတ်မည့် အလားအလာများ ပိုင်ဆိုင် နေသည်ဟု အမေရိကန် နေ့စဉ် သတင်းဌာနက ဖော်ပြသည်။ Peach ကို Vine ဟု အမည် ပေးထားသည့် Video Sharing Application ကို ဖန်တီးခဲ့သည့် ဒွန်ဟော့ဖ်မန်း ဆိုသူက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ Messaging Application တစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်သော်လည်း Post တင်နိုင်သည့် အပြင် Messaging များကို မျှဝေမှု ပြုလုပ်ခြင်း၊ ပေးပို့မှု ပြုလုပ်ခြင်းများတွင်လည်း GIF ပုံရိပ်များတွင် တွဲဖက်ကာ သက်ဝင်လှုပ်ရှားသည့် အခြေအနေဖြင့် ပေးပို့ခြင်းနှင့် မျှဝေနိုင်ခြင်းများကြောင့် သုံးစွဲသူများ၏ စိတ်ဝင်စား မှုကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တခြား လုပ်ဆောင်ချက် အသစ်များ ပါဝင်နေခြင်းကလည်း Messaging Application များထဲတွင် ဆန်းသစ်သည့် အခြေအနေသို့ ရောက်ရှိ စေခဲ့သည်။ သုံးစွဲသူများ ဘက်မှ နှစ်ခြိုက်မှု အရှိဆုံး အချက်မှာ Maic Words ဟု အမည်ပေးထားသော လုပ်ဆောင်ချက်ဖြစ်ပြီး GIF ပုံရိပ်များ ရှာဖွေခြင်း၊ လက်ရှိ Location ကို အသုံးပြုခြင်း စသည့် လုပ်ဆောင်ချက်များကို စာလုံးတစ်လုံး ရိုက်ထည့်ရုံဖြင့် လုပ်ဆောင်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်ကို အသုံးပြုမည် ဆိုပါက GIF ပုံရိပ်များကို ရှာဖွေမည်ဖြစ်ပြီး GIF ဟု ရိုက်ထည့်လိုက်ရုံဖြင့် ရှာဖွေနိုင်မည်ဖြစ်သည်။ လက်ရှိ ရောက်ရှိနေသော Location ကို အသုံးပြုခြင်း၊ မျှဝေခြင်းများ ပြုလုပ်မည် ဆိုပါကလည်း here ဟု ရိုက်ထည့် လိုက်ရုံဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ Magic Words ဖြင့် လုပ်ဆောင်နိုင်သော လုပ်ဆောင်ချက် ၁၁ ခု အထိ ရှိနေပြီး ထပ်မံတိုးချဲ့သွားရန် စီစဉ်ထားခြင်းကြောင့် Peach ကို စိတ်ဝင်စားသူဦးရေ မြင့်တက်လာခြင်း ဖြစ်သည်။ ထို့ပြင် ပုံဆွဲကာ သူငယ်ချင်းများထံသို့ ပေးပို့နိုင်သည့် လုပ်ဆောင်ချက်လည်း ပါရှိသည်။ Peach ကို အခမဲ့ သုံးစွဲသည့် Application အဖြစ် ဖြန့်ချိခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် iOs အတွက်သာ ဖြန့်ချိထား ကြောင်း သိရသည်။

No comments: