Monday, January 18, 2016

တစ်မိနစ်အတွင်း အဝတ်စိုများကို ခြောက်သွေ့စေမည့် အိတ်ဆောင် အဝတ်အခြောက် ခံစက် ဈေးကွက် တင်မည်

တစ်မိနစ်အတွင်း အဝတ်စိုများကို ခြောက်သွေ့စေမည့် အိတ်ဆောင် အဝတ်အခြောက် ခံစက် ဈေးကွက် တင်မည် အဝတ်စိုများကို တစ်မိနစ်အတွင်း ခြောက်သွေ့စေမည့် အိတ်ဆောင် အခြောက်ခံစက် တစ်မျိုးကို လာမည့် ဧပြီလဆန်းပိုင်း အတွင်း ဈေးကွက်တင်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ အခြောက်ခံစက်ကို သြစတြေးလျ နိုင်ငံသား ဥပဒေကျောင်းသား မတ်သရူး ကော်ရီက တီထွင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဝတ်အခြောက်ခံ စက်ကို Dry-Go ဟု အမည်ပေးထားပြီး အလေးချိန်မှာ ၄ဝဝ ဂရမ်သာ ရှိခြင်းကြောင့် ခရီးသွားရာတွင် အလွယ်တကူ သယ်ဆောင် သွားနိုင်မည် ဖြစ်သည်။ ထို့ပြင် ယင်းအခြောက်ခံ စက်သည် ခေါက်ထားနိုင်ခြင်း၊ လိပ်ထား နိုင်ခြင်းများကြောင့် ခရီးသွားရာတွင် နေရာမယူဘဲ အလွယ်တကူ သယ်ဆောင် သွားနိုင်မည် ဖြစ်သည်။ အပူဒဏ်ခံနိုင်ရန် ဖန်တီးထားသော အပြားနှစ်ခုကြားတွင် ရေစိုနေသည့် အဝတ်ကို ထည့်ကာ အခြောက်ခံရန် ဖန်တီးထားခြင်း ဖြစ်သည်။ အပြားများတွင် ထည့်သွင်းထားသော အပေါက်ငယ်လေးများက အပူပေးချိန်တွင် ရေငွေ့ပျံစေရန် အထောက်အကူ ဖြစ်စေ မည် ဖြစ်ကာ ကြာချိန် တစ်မိနစ်ပြည့်သည်နှင့် အဝတ်များကို ထုတ်ယူနိုင်မည် ဖြစ်သည်။ အဝတ်များ အပူပေးခြင်းကို လျှပ်စစ်ဖြင့် ပြုလုပ်မည် ဖြစ်သော် လည်း နောက်ပိုင်းတွင် ဘက်ထရီဖြင့် အစားထိုးနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ Dry-Go အခြောက်ခံစက်ကို မည်သည့် ဈေးနှုန်းဖြင့် ရောင်းချမည်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။

No comments: