Tuesday, October 13, 2015

ဘီးလင်းဒီချုပ်ဥက္ကဋ္ဌက NDF ပါတီကို ခမောက်သူခိုးဟု စွပ်စွဲ

ဘီးလင်းဒီချုပ်ဥက္ကဋ္ဌက NDF ပါတီကို ခမောက်သူခိုးဟု စွပ်စွဲ
Tuesday, October 13, 2015

ဘီးလင်းမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ က မဲဆွယ်စည်းရုံးရေးဆင်းစဉ် ဒေသတွင်းပြိုင်ဘက် NDF ပါတီကို ခမောက်သူခိုးပါတီဟု စွပ်စွဲခဲ့သောကြောင့် ရွေးကောက်ပွဲ ကော် မရှင်သို့ တိုင်ကြားထားကြောင်း NDF ပါတီမှ သတင်းရရှိသည်။

ဘီးလင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦး ကျော်မျိုးမင်းက ဘီးလင်းမြို့နယ် ဂုံညင်းနွယ်ကျေးရွာအုပ်စု၊ အလူးကြီးကျေးရွာတွင် အောက်တိုဘာ ၁၁ ရက် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတစ်ခု၌ အထက်ပါအတိုင်း ပြောဆို ဟောပြောသွားသော ကြောင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင်တိုင် ကြားထားသည်ဟု ဘီးလင်းမြို့ နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်တွင် ၀င်ပြိုင်ရောက်ယှဉ်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒေါ်အေးအေးမာ က ပြောသည်။

‘‘ဟောပြောပွဲထဲမှာ ထုတ် ပြောတာ။ ပွဲထဲမှာတင် ကျွန်မတို့ လူတွေ ရှိတယ်။ တမင်တကာ သွားနားထောင်တာလည်းဖြစ် တယ်။ ရှင်းအောင် ပြောရမယ်ဆို ရင် ဗဟုသုတသွားနားထောင် တာလည်းဖြစ်တယ်။ ကျွန်မတို့ လူတွေပေါ့။ သူတို့က ပြန်ပြော တာပေါ့။ စောင့်ကြည့်ရေးအဖွဲ့ကို လည်း တိုင်လိုက်ပြီ’’ဟု ဒေါ်အေး အေးမာက ပြောသည်။

NDF ပါတီဥက္ကဋ္ဌ ဦးခင် မောင်ဆွေက ဘီးလင်းမြို့နယ် ဒီ ချုပ်ပါတီဥက္ကဋ္ဌ၏ ပြောဆိုစွပ်စွဲမှု သည် ဒီချုပ်ပါတီဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်၏ ပြော စကားကို ဆန့်ကျင်၍ အပုပ်ချ ခြင်းဖြစ်သည်ဟု ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်မှာ ပြောသွားပြီ လေ။ ခမောက်ဟာ သူတို့နဲ့ မဆိုင်ပါဘူးလို့ ပြောသွားပြီးပြီလေ။ အဲ ဒီတောင်မှ ပြောတယ်ဆိုရင် သက်သက်မဲ့ ကျွန်တော်တို့ပါတီကို အပုပ်ချတာပေါ့။ ပုတ်ခတ်တာ ပေါ့။ ပုတ်ခတ်တယ်ဆိုရင်ကို ကော်မရှင်ဥပဒေနဲ့ ငြိနေပြီလေ’’ ဟု ပြောသည်။

ဘီးလင်းမြို့နယ်တွင် ဖြစ်ပွားသည့် ယင်းဖြစ်စဉ်ကို မွန်ပြည်နယ် ဒီချုပ်ပါတီအတွင်းရေးမှူးသို့ ဆက်သွယ်မေးမြန်းရာ ကာယကံရှင်သာ မေးမြန်းရန် အကြောင်းပြန်ပြီး ဦးကျော်မျိုး မင်းဖုန်းကို ခေါ်ဆိုရာဖြေဆိုခြင်း မရှိခဲ့ပေ။

7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: