Tuesday, October 13, 2015

ကျန်းမာတော်မူကြပါစခင်ဗျာ မိုးအားတွေ ဆက်လက်လျော့ကျလာဖို့ ရှိနေပါတယ်။

ကျန်းမာတော်မူကြပါစခင်ဗျာ
မိုးအားတွေ ဆက်လက်လျော့ကျလာဖို့
ရှိနေပါတယ်။
၁၃-၁၀-၂၀၁၅ နံနက်(၃း၂၄)နာရီ

၂၀၁၅ ခုနှစ်၊အောက်တိုဘာလ(၁၃)ရက်နေ့
အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော် အခြေအနေ

(၁၂-၁၀-၂၀၁၅)ရက် နံနက် (၀၉း ၁၅)နာရီ
အချိန် KALPANA_1ဂြိုဟ်တုမှ
တိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်း တို့မှာ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား
ပင်လယ်အော် မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာတစ်ပြည်လုံးမှာ
တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ

မြန်မာ့ကမ်းရိုးတန်းတလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်းအနည်းငယ်သာ ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း တလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်း အမြင့် (၁) ပေ မှ (၂) ပေ ခန့် အထိရှိနိုင် ပါတယ်။

နေ့အပူချိန်များအခြေအနေ

နေ့အပူချိန်များဟာ၊ချင်းပြည်နယ်၊
ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်၊ တို့တွင် နေအပူချိန် 23°C-26°C ခန့်၊ ၊ ကျန် တိုင်းဒေသကြီး များ နဲ့ ပြည်နယ်ဒေသ များတွင် နေ့ အပူချိန်များဟာ 27°C-32°C ရှိနိုင်ပါတယ်။

မိုးတိမ်တောင်အခြေအနေ

မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာမိုးတိမ်တောင်များ ထူထပ်စွာဖြစ်ပေါ်နေပြီး၊ ကျန် တစ်ပြည်လုံး မှာ မိုးတိမ်တောင် များ
အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်
အော် တို့မှာ မိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်းနိင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်

ကချင်ပြည်နယ် မှာ နေရာကွက်ကျား၊
ချင်းပြည်နယ်၊ရခိုင်ပြည် နယ်နှင့်စစ်ကိုင်းတိုင်း
ဒေသကြီး တို့တွင်နေရာကျဲကျဲ၊ကယား
ပြည်နယ်ကရင်ပြည်နယ်၊မကွေးတိုင်း ဒေသကြီး ၊ရန်ကုန်တိုင်းဒေသကြီး နှင့်ဧရာဝတီတိုင်းဒေသကြီး တို့မှာနေရာ
စိပ်စိပ်၊ကျန်ဒေသတွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

ရေဖုံးလွှမ်းခံရနိုင်သောဒေသများ

ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း
တောင်ပိုင်း၊ ဧရာဝတီတိုင်း အရှေ့တောင်ပိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်းအတွင်းရှိဒေသအချို့တို့တွင် ရေဖုံးလွှမ်းခံဒေသများ ဆက်လက်
ဖြစ်ပေါ်နေနိုင်ပါတယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်

မြန်မာတစ်ပြည်လုံးမှာ မိုးအားလျော့နည်း
သွားနိုင်ပါတယ်။

credit: ဒေါက်တာထွန်းလွင်



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: