အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် KNU ဥက္ကဋ္ဌ နေပြည်တော်ရောက်ရှိ
Tuesday, October 13, 2015
လာမည့် အောက်တိုက်ဘာ ၁၅ရက်နေ့ နေပြည်တော်၌ ကျင်းပမည့် တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်း အနားသို့ တက်ရောက်ရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဦးစောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ (၃)နာရီခွဲတွင် နေပြည်တော်ရှိ HORIZON ဟိုတယ်သို့ ရောက်ရှိ လာကြောင်း အစိုးရသတင်းတွင် ဖော်ပြထားသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဦးစောမူတူးစေးဖိုးနှင့်အတူ ဦးဂျော်နီ နှင့် အဖွဲ့ဝင် (၁၆)ဦး လိုက်ပါ လာခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- MOI
ဧရာဝတီ
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment