တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခြင်း အတွက် ဂုဏ်ပြုကြေညာချက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ရာမှ စတင်၍ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရေးဆိုင်ရာ ဆွေးနွေးပွဲများ၏ ရလဒ်အဖြစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ကိုအပြီးသတ် သဘောတူနိုင်ခဲ့ကြပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်(ကြာသပတေးနေ့) မင်္ဂလာအခါတော် နံနက်(၉) နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ရှစ်ဖွဲ့သည် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ ရှေ့မှောက်၌ အောင်မြင်စွာဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။
ယခုရရှိပြီးသည့် အဆင့်မှဆက်လက်၍ နိုင်ငံရေးနည်းလမ်းများဖြင့် အဖြေရှာ နိုင်ရန် အားလုံးပါဝင်ကြမည့် နိုင်ငံရေးဆွေးနွေးပွဲများအောင်မြင်စွာကျင်းပနိုင်ရေးနည်းလမ်းများကိုရှေ့ဆက်လျှောက်လှမ်းနိုင်ကြမည်ဟုယုံကြည်မျှော်လင့်ပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရရှိရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးစသည့် ရည်ရွယ်ချက်ကောင်းများ ထမြောက် အောင်မြင်ရန်နှင့် ပြည်သူအများ လိုလားတောင့် တလျက်ရှိသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သောဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်ကြီးထူထောင်နိုင်ရန် တို့အတွက် NCAလက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားအဖွဲ့များ သည်လည်း ဆက်လက်သဘောတူလက်မှတ်ရေးထိုးပေးကြရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ကိုအောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ရေးအတွက်ဦးဆောင်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၊တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)မှ တာဝန်ရှိသူတို့အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံသူ၊ နိုင်ငံသားများ၏ ကိုယ်စားအထူး ကျေးဇူးတင်ရှိစွာဖြင့် လှိုက်လှိုက်လှဲလှဲမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အဖွဲ့များ
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment