NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား အင်္ဂလိပ်မယားဟု ပြောဆိုသူ တရားစွဲခံရ
ဒေါ်အောင်ဆန်းစုကြည်အား အင်္ဂလိပ်မယား၊ ကုလားဖြူကို ယူထားသည့် အမျိုးဖျက်မဟု ပြောကြားခဲ့သော ဟိုင်းကြီးကျွန်းမှ ဆယ်အိမ်မှူးတစ်ဦးကို ဟိုင်းကြီး NLD ပါတီက တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။
NLD ပါတီဝင် အမျိုးသမီးနှစ်ဦး ၄င်းအိမ်ရှေ့မှ ဖြတ်သွားစဉ် အမှတ်(၃)ရပ်ကွက်မှ ဆယ်အိမ်မှူး ဦးသန်းဇော်ထိုက် (ခ) မုန့်လုံးကြီး က ဒေါ်စုသည် အင်္ဂလိပ်မယား၊ ကုလားဖြူကို ယူထားသည့် အမျိုးဖျက်မဟု ပြောခဲ့သည့်အတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားရုံးက အမှုကို လက်ခံခဲ့ကြောင်းသိရသည်။
ဦးသန်းထိုက်ဇော် (ခ) မုန့်လုံးကြီးကို ဂုဏ်သိက္ခာညှိးနွမ်းစေသည့် အသရေဖျက်မှုပုဒ်မ နှင့် NLD က တရားစွဲဆိုထားခြင်းဖြစ်ပြီး ထိုအမှုကို အောက်တိုဘာ ၂၃ ရက်တွင် အပြန်အလှန်စစ်ဆေးမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား အင်္ဂလိပ်မယားဟု ပြောဆိုသည့်အတွက် ထိုသို့ အသရေဖျက်မှုနှင့် တရားစွဲဆိုခဲ့ခြင်းမှာ NLD အတွက် ဂုဏ်သိက္ခာကျစရာသာ ပိုဖြစ်မည်ဟု ရှေ့နေ ဦးကြည်ဝင်း က သုံးသပ်ခဲ့သည်။
“ဒေါ်စုကို အင်္ဂလိပ်မယား ၊ ကုလားဖြူကို ယူထားတဲ့အမျိုးဖျက်လို့ပြောတဲ့အတွက် အသရေဖျက်မှုနဲ့ စွဲတာ NLD အနေ နဲ့ ဂုဏ်သိက္ခာပိုကျစရာဖြစ်မယ်။ ပုဒ်မ ၄၉၉ မှာ ဆိုထားတာက မည်သူမဆို အခြားသူတစ်ဦးကို အသရေကို နစ်နာစေရန် အကြံဖြင့် နှုတ်(သို့) စာဖြင့် စွပ်စွဲလျှင် အသရေဖျက်သည်မည်၏ဆိုထားပြီး အသရေဖျက်မှု မြောက်ရင် ငွေဒဏ်ကနေ အလုပ်မဲ့ထောင်ဒဏ် ၂ နှစ်အထိ ချနိုင်တယ်။ ဒါပေမယ့် ကင်းလွတ်ခွင့်တွေမှာ ဘာပါလဲဆိုတော့ စွပ်စွဲသူက မိမိအကျိုးအတွက်၊ အများပြည်သူအကျိုးအတွက် စွပ်စွဲခြင်းသည် အသရေဖျက်မှုမမည်လို့ ဆိုထားတယ်။ ဒေါ်စုဟာ အင်္ဂလိပ်လူမျိုး မစ္စတာအဲရစ်ရဲ့ဇနီးမယားဖြစ်တဲ့အတွက် မုန့်လုံးကြီးက ဒေါ်စုကို မဟုတ်မမှန်လုပ်ကြံစွပ်စွဲ ပြီး အင်္ဂလိပ်မယားလို့ပြောတာ မဟုတ်။ ကုလားဖြူကို ယူတဲ့အမျိုးဖျက်ဆိုတာကလဲ တစ်ခြားသူတွေ မိမိအမျိုးအနွယ်ကို စောင့်ထိန်းနိုင်ကြဖို့ သတိပေးရာရောက်တဲ့အတွက် အများပြည်သူအကျိုးအတွက် ဖြစ်လို့ အသရေဖျက်မှုက ကင်းလွတ်ခွင့် ရမယ်။ NLD ကတော့ နာမည်ပျက်မှာပေါ့” ဟု ၄င်းက ဆိုသည်။
အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုထိန်လင်းအောင်က NLD ပါတီဝင်များနှင့် ထောက်ခံသူများသည် အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များကို အမျိုးမျိုးမဟုတ်မမှန် လုပ်ကြံစွပ်စွဲကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား အမှန်အတိုင်းပြောသည်ကို မခံနိုင်ဖြစ်နေကြသည်မှာ ရီစရာဖြစ်နေသည်။ Freedom of Expression မှာ NLD ထောက်ခံသူများအတွက်သာဟု ခံယူထားသလိုဖြစ်နေသည်ဟု ဝေဖန်ခဲ့သည်။
“NLD ပါတီဝင်တွေနဲ့ ထောက်ခံသူတွေ အပြင်မှာရော၊ အွန်လိုင်းမှာရော အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ၊ ကြံ့ခိုင်ရေးခေါင်းဆောင်တွေကို ဟုတ်တာရော၊ မဟုတ်တာရော အမျိုးမျိုးသိက္ခာချနေတာတွေ မမြင်ချင်မှ အဆုံး။ ဒါကို အစိုးရရော၊ ကြံ့ခိုင်ရေးရော ဘာမှ အရေးယူတယ်မကြားရဘူး။ မိုက်မိုက်ရိုင်းရိုင်းစော်ကားတဲ့တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ အခုမှ အရေးယူနေတာ။ ဒီမိုကရေစီကို တဖွဖွရွတ်နေတဲ့ NLD က ခုလိုမျိုး အမှန်အတိုင်း ပြောရဲတဲ့သူတစ်ယောက်ကို အသရေဖျက်မှုနဲ့ တရားစွဲတယ်ဆိုတာကတော့ လူကြားမကောင်းဘူး။ Freedom of Expression ဆိုတာ NLD ထောက်ခံသူတွေအတွက်ပဲလို့ ခံယူထားကြသလားမသိဘူး ” ဟု ဝေဖန်ခဲ့သည်။
“ပြောချင်တာကတော့ အင်္ဂလိပ်မယား ဆိုတာ မှားနေသလား။ မှန်နေတာပဲလေ။ မဟုတ်ဘူးလား။ ကုလားဖြူကို ယူထားတဲ့အမျိုးဖျက် ဆိုတာလဲ မှားသလား။ အင်္ဂလိပ်ကို ကုလားဖြူလို့ သင်ခဲ့ကြရတာပဲ။ အမျိုးဖျက်သလား မဖျက်ဘူးလား ဆိုတာလဲ တရားရုံးမှာ ရှင်းကြတဲ့အခါ ဒေါ်စုကြည်ပဲ သိက္ခာကျရမှာပဲ။ အမျိုး ပျက်သွားသလား မပျက်ဘူးလား ကြည့်ရင် အင်္ဂလိပ် မျိုးဆက်တွေ ဖြစ်လာတယ်။ ဒါ ပျက်သွားတာ မဟုတ်ဘူးလား။ လွတ်လပ်ရေး ဖခင်ကြီး အမျိုးသားရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက် ပျက်သွားသလား မပျက်ဘူးလား အထင် အရှား ပြဆိုရမယ် ဆိုရင် ဒေါ်စုကြည်ရဲ့ သားတွေရဲ့ ဓါတ်ပုံတွေ ပြပြီး ထုချေရမှာပဲ။ ဒီတော့ ဒေါ်စုကြည် နာမည်ပျက်၊ သိက္ခာကျရုံကလွဲလို့ ဘာမှထူးမှာ မဟုတ်ဘူး။ တရား မစွဲဘဲ နေတာကမှ တော်ဦးမယ် ။ အခုလို တရားစွဲလိုက်တော့မှာ ပိုဆိုးသွားမှာ” ဟု ၄င်းက ပြောသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment