Thursday, October 15, 2015

၂၀၁၆ EITI အစီရင်ခံစာ၌ ရေအားလျှပ်စစ်နှင့် သစ်တောကဏ္ဍများ ထည့်သွင်းနိုင်ခြင်းမရှိ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၂၀၁၆ ခုနှစ်အတွက် EITI အစီအရင်ခံစာတွင်

၂၀၁၆ EITI အစီရင်ခံစာ၌ ရေအားလျှပ်စစ်နှင့် သစ်တောကဏ္ဍများ ထည့်သွင်းနိုင်ခြင်းမရှိ
မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၂၀၁၆ ခုနှစ်အတွက် EITI အစီအရင်ခံစာတွင် ရေအားလျှပ်စစ်နှင့် သစ်တောကဏ္ဍများ ထည့်သွင်းနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ (MATA) က ပြောသည်။
သဘာဝ သယံဇာတများ ထုတ်ယူရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအတွက် လိုက်နာရန် သတ်မှတ်ထားသော နိုင်ငံတကာ စံနှုန်းဖြစ်သည့် EITI (Extractive Industry Transparency Initiative) အစီရင်ခံစာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ (ကုန်းတွင်းပိုင်း၊ ကမ်းလွန်ပိုင်း) ကဏ္ဍများ၊ ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်းကဏ္ဍနှင့် သတ္တုကဏ္ဍများကို ထည့်သွင်းမည်ဖြစ်ပြီး အခွန် စနစ် ရှုပ်ထွေးမှုကြောင့် ရေအားလျှပ်စစ်နှင့် သစ်တောကဏ္ဍများ ထည့်သွင်းနိုင်ခြင်း မရှိသေးကြောင်း MATA ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက ပြောဆိုသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျမတို့နိုင်ငံက အခွန်စနစ်တွေက အရမ်းရှုပ်တယ်။ ဒီနှစ်အထဲမှာ ရေအားလျှပ်စစ်နဲ့ ပတ်သက်တာ မပါခဲ့ဘူး။ ရှေ့နှစ်မှာ ထည့်သွင်းသွားပါမယ်”ဟုလည်း ၎င်းက ပြောသည်။
အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ အလုံမြို့နယ် ကရင်ခြံတွင် ပြုလုပ်သည့် နိုင်ငံတ၀န်းမှ အဖွဲ့အစည်းပေါင်း ၄၀၀ ကျော်က သံယဇာတနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး၊ သယံဇာတနှင့် လူ့အခွင့်အရေး၊ သဘာဝ သယံဇာတနှင့် ဒီမိုကရေစီ၊ သယံဇာတ နှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်များ၊ သဘောထား အမြင်များနှင့် ပတ်သက်သည့် ၃ ရက်မြောက်နေ့ ဆွေးနွေးပွဲတွင် ဒေါ်မိုးမိုးထွန်းက အထက် ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစီရင်ခံစာတွင် ထည့်သွင်းမည့် နယ်ပယ်များအတွက် ပြီးခဲ့သော အောက်တိုဘာလ ၅ ရက် ၆ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ သည့် သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ရန်အတွက် ၂၀၁၄ ခုနှစ် မတ်လတွင် လျှောက်ထားခဲ့ပြီး ဇူလိုင်လ ၂ ရက်တွင် အဖွဲ့ဝင်လောင်းနိုင်ငံ အဆင့်သို့ ရောက်ရှိခဲ့သည်။
၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂ ရက်တွင် တင်သွင်းမည့် EITI အစီရင်ခံစာသည် ပထမဆုံး တင်သွင်းသည့် အစီရင်ခံစာဖြစ်ပြီး အဆိုပါ International EITI Board မှ လက်ခံမှသာ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအဖြစ် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ဘီလူးချောင်းအမှတ် (၂) ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ (လောပိတ) ကို တွေ့ရစဉ် (ဓာတ်ပုံ – ကျော်မျိုးထွန်း / ဧရာဝတီ)
Irrawaddy



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: