မိုးညှင်းမြို့နယ် သရက်မှော်တွင် မှော်လုပ်သားများအား KIA လူသစ်လာဆွဲသွား
=====================================
19, October, 2015 By Voice Of Kachin
၂၀၁၅ အောက်တိုဘာ (၁၀)ရက်နေ့ ည (၉)နာရီခန့်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ သရက်မှော်သို့ KIA အင်အား(၁၀)ဦးသည် လက်နက်ငယ်မျိုးစုံ ကိုင်ဆောင်၍ ရောက်ရှိလာပြီး မှော်အတွင်းရှိ မှော်လုပ်သားများဖြစ်သော မောင်နိန်အောင်(၂၈)နှစ် အပါအ၀င် ကျောက်တူးသမား (၂၄)ဦးခန့်အား သရက်မှော်၏ မြောက်ဘက်ရှိ ၎င်းတို့စခန်းရှိရာသို့ ကြိုးတုတ်ကာ ခေါ်ဆောင် သွားကြောင်း သိရှိရသည်။
ထို KIA စခန်းတွင် (၂)ရက် ချုပ်နှောင်ထားပြီး အောက်တိုဘာ (၁၂)ရက်နေ့ ည (၉)နာရီ အချိန်ခန့်တွင် ဖမ်းဆီးထားသူများအနက် (၁၂)ဦးခန့်အား ဖိုးဝှီးကား(၂)စီးဖြင့် တင်ဆောင်၍ မော်ဟန်ကျေးရွာဘက်သို့ ထွက်ခွာစဉ် (ဒေသအခေါ်) ရေပြာချောက် အရောက်၌ မောင်နိန်အောင် မှာ ခုန်ချထွက်ပြေး လွတ်မြောက်ခဲ့သည်။
KIA မှာ ယခုရက်ပိုင်းအတွင်း လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းများကို တိုးမြှင့် လုပ်ကိုင်လျှက်ရှိပြီး ဒေသခံ ပြည်သူအများစုမှာ ကျေးရွာများတွင် မနေရဲတော့ပဲ သား၊သမီး များကို မြို့ပေါ်သို့ ပို့ထားရကြောင်း၊ နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်လျှက်ရှိကြောင်း ကြားသိရပါသည်။
Photos from Kachin Land's post
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment