KIA တပ်မဟာ(၂)လက်အောက်ခံ ဖားကန့်ဒေသရှိ ရင်း(၆)မှ ဆက်ကြေးတိုးမြှင့်ကောက်ခံ
======================================
17, October, 2015 By Voice Of Kachin
KIA တပ်မဟာ(၂)လက်အောက်ခံ ဖားကန့်ဒေသရှိ ရင်း(၆)မှာ ဖားကန့်ဒေသအတွင်း ယခင်က ပေါ်ပေါ်တွင်တွင် ၀င်ရောက်ကာ ဆက်ကြေးကောက်၊ လူသစ်စုဆောင်းခဲ့ကြပြီး လုပ်ငန်းရှင် အများစုမှာ KIA ၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့သဖြင့် စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ကာ ထွက်ပြေးရသည်အထိ ဖြစ်ခဲ့ကြသည်။
ဖားကန့်နယ်မြေအတွင်း တဖြေးဖြေး သူခိုးဓါးမြထက် ဆိုးဝါးလာသော လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းမှာ ကုမ္ပဏီများ မီးရှို့ခြင်း၊ မိုင်းများအား ခြောက်လန့်ဖောက်ခွဲခြင်း၊ မြို့ပေါ်များထိ မိုင်းတက်ထောင်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်းရေးအတွက် ဖားကန့်ဒေသ ပတ်ဝန်းကျင်ရှိ KIA ရင်း(၆) တပ်စခန်းများကို ရာဇသံပေး၍ ဆုတ်ခွာခိုင်းသော်လည်း မဆုတ်သဖြင့် တိုက်ထုတ်ခဲ့ရသည်။
ထို့နောက် KIA ရင်း(၆)မှာ တိုက်နယ်မှူး၊ ပြည်သူ့စစ်၊ အမာခံများကို မွေး၍ ဖားကန့်တွင် ၀င်ရောက်လှုပ်ရှားလျှက်ရှိသည်။ ယခုလမှစ၍ KIA ရင်း(၆)မှ အခွန်ဆက်ကြေးကို တိုးမြှင့် ကောက်ခံမည်ဟု KIA နှင့် နီးစပ်သော သတင်းရပ်ကွက်မှ ကြားသိရပါသည်။ ထို့ကြောင့် ဖားကန့်မြို့နယ်အတွင်း တရားမ၀င် ကျောက်တူးဖော်နေကြသော ဒေသခံများမှာ လုပ်ငန်းများ ရပ်တန့်ထားရပြီး ပစ္စည်းများပါ သိမ်းဆည်းထားရသည်ဟု ကြားသိရပါသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment