Tuesday, October 20, 2015

မြန်မာ ယူ၂၀ နည်းပြချုပ် နေရာအတွက် ပြည်တွင်း နည်းပြကိုသာ ခန့်အပ်သွားမယ်

မြန်မာ ယူ၂၀ နည်းပြချုပ် နေရာအတွက် ပြည်တွင်း နည်းပြကိုသာ ခန့်အပ်သွားမယ်
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ ဗီယက်နမ် ယူ၂၁ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ၀င်ပြိုင်မယ့် မြန်မာ ယူ၂၀ အသင်း နည်းပြချုပ် နေရာအတွက် ပြည်တွင်း နည်းပြကိုသာ ခန့်အပ် သွားမယ်လို့ သိရပါသည်။
မြန်မာ ယူ၂၀အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ဟာ အောက်တိုဘာ ၁၇ရက်နေ့ မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် ဖြစ်လာတာကြောင့် ယူ၂၀အသင်း နည်းပြချုပ် နေရာအတွက် နည်းပြသစ် တစ်ယောက် ခန့်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါသည်။
“ဂတ်ဖရိုင်းဒရစ်က လက်ရွေးစင် အသင်း နည်းပြချုပ် ဖြစ်သွားတာကြောင့် နည်းပြချုပ် တစ်ဦးကို အပြောင်းအလဲ ပြုလုပ်ခန့်အပ်ရမှာပါ။ မကြာခင်မှာ ခန့်အပ်သွားမှာ ဖြစ်ပြီး ပြည်တွင်း နည်းပြထဲကသာ ခန့်အပ်ဖို့ များပါတယ်”လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဗီယက်နမ် ယူ၂၁ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို လာမယ့် နိုဝင်ဘာလ စတုတ္ထ အပတ်ထဲမှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာ အပါအ၀င် အာရှ ဒေသတွင်းမှ အသင်းတွေ ပါဝင် ယှဉ်ပြိုင် ကြမယ်လို့ သိရပါသည်။
Soccer Myanmar



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: