လွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်ရေးမှတ်တမ်းအကျဉ်းချုပ်
အမည် - ဦးသိန်းအောင်
ပါတီ -ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ
မဲဆန္ဒနယ်-အင်္ဂပူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း
• လက်ရှိတာဝန်ကို မထမ်းဆောင်ခင်ကနိုင်ငံတာဝန် အရပ်ရပ်ကို ဘယ်လိုထမ်းဆောင်ခဲ့တယ်ဆိုတာသိရ ပါစေ။
၁၉၆၈ခုနှစ်မှာ စစ်တက္ကသိုလ်ကနေ B.Sc(DSA) ဘွဲ့ကိုရရှိခဲ့ပြီး အမှတ်(၅)ခြေလျင်တပ်ရင်းမှာ ဒုဗိုလ် အဖြစ်နဲ့ တပ်စုမှူးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ တာဟာ နိုင်ငံတော်ရဲ့တာဝန်ကို စတင်ထမ်းဆောင် ခြင်းပဲဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အသက် ၂၁ နှစ်ပဲရှိပါသေးတယ်။ နောက်ပိုင်းမှာတော့ တပ်မတော် မှာ ရာထူးအဆင့်ဆင့်တိုးမြှင့် ထမ်းဆောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ တမခ(၉၉)မှာ တပ်မမှူး(ဗိုလ်မှူးချုပ်) ရာထူးနဲ့ တပ်မတော်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။၁၉၉၇ခုနှစ်မှာ ဒုတိယဝန်ကြီး(စွမ်းအင်ဝန်ကြီးဌာန) ကိုလည်းကောင်း၊ ၂ဝဝ၃ခုနှစ်မှာ သစ်တောရေးရာဝန် ကြီးဌာနရဲ့ ဝန်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့ပြီး နိုင်ငံတာဝန်အရပ်ရပ်ကို ဒီမိုကရေစီစနစ်ကူး ပြောင်းခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ်အထိ တာဝန်ယူခဲ့ရပါတယ်။
• ပြည်ခိုင်ဖြိုးပါတီမှာ ဘယ်လိုတာဝန်တွေယူခဲ့ရပါ သေးလဲ။
ဒုတိယဝန်ကြီးဘဝကတည်းက ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီးမှာ ဗဟိုအလုပ်အမှု ဆောင်အဖြစ် တာဝန်ပေးအပ်ပြီး ကယားပြည်နယ်ရဲ့ တာဝန်ခံအဖြစ် ဒေသအကျိုးကိုဆောင်ရွက်ပေးခဲ့ရ ပါတယ်။ ဒီအချိန်ကတည်းက ကယားပြည်နယ်ကို သာမကဘဲ မိမိဇာတိ အင်္ဂပူမြို့နယ်ရဲ့ ဖွံ့ဖြိုးတိုးတက် ရေးတွေကို ဆောင်ရွက်ခဲ့တာပါ။ ဒါ့အပြင် အိမ်နီးချင်း မြို့နယ်တွေဖြစ်တဲ့ မြန်အောင်နဲ့ကြံခင်းမြို့နယ်တွေ အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။
• ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖို့ အစီ အစဉ်ရှိ/ မရှိသိချင်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ အသက်အရွယ်အရ အနားယူမယ်လို့ စဉ်းစားထားတာပါ။ ဒါပေမဲ့ ပြည်သူ နဲ့ မိမိပါတီရဲ့လိုအပ်ချက်အရ အင်္ဂပူမြို့နယ်က တိုင်း ဒေသကြီးအဆင့်ကနေ ပါဝင်ရွေးကောက်ပွဲဝင်ပါ့မယ်။ ရွေးကောက်ပွဲနိုင်ခဲ့ရင် နိုင်မယ်ဆိုရင်တော့ ပြည်သူနဲ့ ပါတီက ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ဖို့ရည်ရွယ် ထားပါတယ်။ ဒါကလည်း တာဝန်ပေးအပ်လာမှပဲ ဆုံးဖြတ်မယ့်ကိစ္စဖြစ်ပါတယ်လို့ ဖြေပါရစေ။
• ပြည်သူကို ဘာများပြောစရာရှိပါသေးလဲ။
ကျွန်တော်မှန်သောစကားကို ပြောပါမယ်။ ဒီ တာဝန်ကို စတင်ထမ်းဆောင်တဲ့အချိန်ကစလို့ ဧရာဝတီ တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းသာယာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်ကျင့်တရားကောင်းမွန်စွာနဲ့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မယ်လို့ သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်ခဲ့တယ်။ အစိုးရအဖွဲ့ကိုလည်း ဒီအတိုင်း မှာထားပါတယ်။ မိမိတိုင်းဒေသကြီးမှာ နေထိုင်တဲ့ ပြည်သူတွေကိုလည်း သားသမီးများပမာ မေတ္တာ၊ စေတနာဖြူစင်စွာထားပြီး စီမံကွပ်ကဲအုပ်ချုပ်နေဆဲ လည်း ဖြစ်ပါတယ်။မိမိအနေနဲ့ ဘုန်းကြီးလူထွက် ဖခင်ရဲ့ သားဖြစ်နေတဲ့အားလျော်စွာ မိဘရဲ့ကိုယ်ကျင့်တရား ကောင်းမွန်တဲ့အစဉ်အလာကိုထိန်းပြီး ငယ်စဉ်ကတည်း က အရက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ လူမှု ရေးမရှုပ်ခဲ့ပါဘူး။ မိမိရဲဘော်ရဲဘက် လုပ်ဖော်ကိုင် ဖက်တွေ၊ မိမိပါတီဝင်တွေကိုလည်း ဒီအတိုင်းပြုမူ ပြောဆိုနေထိုင်ဖို့ သွန်သင်ထားပါတယ်။ ဒါကြောင့် ကျွန်တော်ချစ်တဲ့ ဧရာဝတီသားတွေနဲ့ ပါတီကတာဝန် ပေးအပ်မယ်ဆိုရင် ယခုရော နောင်ပါ ဒီမူဝါဒကို လက် ကိုင်ထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ကတိပြု ပြောကြားချင်ပါတယ်။
အောင်ဆန်းဝင်း(ကြံခင်း) တွေ့ဆုံမေးမြန်းသည်။
http://uniondaily.net/News/DetailView.aspx…
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment