KIA ၏ ရှမ်းလူမျိုးများအပေါ် မင်းမဲ့စရိုက်စံစွာ ဖိနှိပ်သတ်ဖြတ်မှုကို ရှုတ်ချကြောင်း မြစ်ကြီးနားတွင် ဆန္ဒဖော်ထုတ်မည်
========================================
19, October, 2015 By Voice Of Kachin
KIA အဖွဲ့မှ အောက်တိုဘာ (၅) ရက်နေ့တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မော်ရွာနေ ဦးစိုင်းထွန်းလွင်အား သတ်ဖြတ်မှု၊ အောက်တိုဘာ (၆) ရက်နေ့တွင် ဝှေခါကျေးရွာ နေ ဦးကံဆက်အား သတ်ဖြတ်မှု စသည့်ဖြစ်စဉ်များနှင့် ကချင်ပြည်နယ်အတွင်း လုပ်ကိုင်စား သောက်နေကြသော တိုင်းရင်းသားများအား ဆက်ကြေးပေးဆောင်ရန် KIA မှ တောင်းခံမှု များကြောင့် လက်နက်မဲ့ပြည်သူများ ဒုက္ခအ၀၀ကို ပြည်တွင်း/ပြည်ပ သိရှိနိုင်စေရန်အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းဆန္ဒဖော်ထုတ်ပွဲအား သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A) မြန်မာပြည်မြောက်ပိုင်း (ကချင်ပြည်နယ်)မှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး ရှမ်းမျိုးနွယ်စုများအပြင်၊ KIA ဖိနှိပ်ခံရသော တိုင်းရင်းသား ပေါင်းစုံ စုစုပေါင်း အင်အား(၁၀၀၀၀) နီးပါးခန့် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရှိရသည်။ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်အား သက်ဆိုင်ရာ ဌာနအသီးသီးသို့ ခွင့်ပြုချက် တောင်းထားပြီးဖြစ်ကြောင်းနှင့် ခွင့်ပြုမိန့်ရရှိပြီး ဖြစ်ကြောင်းလည်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင် တစ်ဦးက ပြောကြားထားသည်။
Photos from Kachin Land's post
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment