Friday, October 9, 2015

မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အပါအ၀င် ဘဏ်အားလုံးကို ဆက်ကြေးပေးဆောင်ရန် KIA တပ်မဟာ(၄)မှ စာပို့ထားကြောင်း သိရှိရ

မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အပါအ၀င် ဘဏ်အားလုံးကို ဆက်ကြေးပေးဆောင်ရန် KIA တပ်မဟာ(၄)မှ စာပို့ထားကြောင်း သိရှိရ
=========================================
8, October, 2015 By Voice Of Kachin

၂၀၁၅ ခုနှစ် စက်တင်ဘာလကုန်ပိုင်းက မူဆယ်မြို့ရှိ၊ ဈေးရပ်ကွက် ပြည်ထောင်စု ကားလမ်းဘေးရှိ ဧရာဝတီဘဏ်သို့ အမည်မသိ အမျိုးသား(၂)ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး KIO တောင်ပိုင်းတိုင်း၊ အမှတ်(၄)တပ်မဟာမှ (၄)ကြိမ်မြောက် ဆက်ကြေးတောင်းခံသည့် စာ(၁)စောင်အား ပစ်ချ၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

၎င်းစာတွင် ဘဏ်များမှ သတ်မှတ်ထားသည့် စည်းကြပ်အခွန်းများကို သတ်မှတ်ထားသည့် ရက်တွင် မပျက်မကွက်ပေးဆောင်ရန်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်(၂)လုံးအား ရေးသားထား သည်။ အလားတူ မူဆယ်မြို့ပေါ်ရှိ ဘဏ်အားလုံးကို တစ်ချိန်ထဲမှာပင် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ဘဏ်ဝန်ထမ်းများထံမှ ကြားသိရသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: