ရှမ်းလူမျိုး(၂)ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် KIA တပ်ဖွဲ့ဝင်များအား KIA ခေါင်းဆောင်များက တာဝန်ယူ ဖြေရှင်းပေးရမည်
=========================================
8, October, 2015 By Voice Of Kachin
၂၀၁၅ အောက်တိုဘာ (၅)ရက်နေ့ ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ နန့်မှော် ကျေးရွာ၊ ရပ်ကွက်(၁)၊ အိမ်အမှတ်(၃၁)တွင် နေထိုင်သူ ဦးစိုင်းထွန်းလွင် (၃၅)နှစ် သျှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့ဝင်တစ်ဦးအား KIA (၂)ဦးမှ အိမ်အပေါ်ထိ လာရောက်၍ ပစ္စတိုသေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ကိစ္စ။
၂၀၁၅ အောက်တိုဘာ (၆)ရက်နေ့ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာမှ ရှမ်းနီ(တိုင်းလိုင်) စည်းရုံးရေးမှူးတစ်ဦးဖြစ်သူ ဦးကံဆက်(၄၆)နှစ်အား KIA (၂)ဦးမှ လမ်းတွင် ကားကိုတား၍ ပစ္စတိုသေနတ်ဖြင့် ဦးခေါင်းအား ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ကိစ္စ။
ထိုကဲ့သို့ KIA မှ မင်းမဲ့စရိုက်စံစွာ သတ်ဖြတ်ခဲ့ခြင်းအပေါ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ ရှမ်းလူငယ်များအဖွဲ့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ရှမ်းနီ(တိုင်းလိုင်) စသည့် ရှမ်းမျိုးနွယ် အဖွဲ့အစည်းများမှ ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်ပါကြောင်း၊ ပစ်ခတ်သတ်ဖြတ်သွားသူ KIA တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ KIA ခေါင်းဆောင်များအနေဖြင့် တာဝန်ယူဖြေရှင်း ပေးရန်လိုကြောင်း ရှမ်းလူငယ်များက ပြောကြားခဲ့ပါသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment