Friday, October 9, 2015

KIA လက်နက်ကိုင်အဖွဲ့မှ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ ဟွေဆိုင်းမှော်ရှိ ဌေးမြန်မာကုမ္ပဏီရှိ ၀န်ထမ်းများအား ရိုက်နှက်၍ ကုမ္ပဏီအား မီးရှို့ဖျက်ဆီး ========================================

KIA လက်နက်ကိုင်အဖွဲ့မှ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ ဟွေဆိုင်းမှော်ရှိ ဌေးမြန်မာကုမ္ပဏီရှိ ၀န်ထမ်းများအား ရိုက်နှက်၍ ကုမ္ပဏီအား မီးရှို့ဖျက်ဆီး
========================================
8, October, 2015 By Voice Of Kachin

၂၀၁၅ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ ဟွေဆိုင်း မှော်အတွင်းရှိ ဌေးမြန်မာကုမ္ပဏီသို့ KIA သောင်းကျန်းသူ (၁၂)ဦးသည် ဆိုက်ကယ်(၇)စီးဖြင့် ရောက်ရှိလာပြီး ကုမ္ပဏီပိုင်ရှင်၏ ညီဖြစ်သူ ဦးဟန်လွင်နှင့် ကုမ္ပဏီဝန်ထမ်း(၁၅)ဦးအား ခေါ်ယူ၍ မြေပြင်သို့ မှောက်ခိုင်းခဲ့ကြောင်း၊ အဆိုပါ KIA အဖွဲ့မှ ခေါင်းဆောင်ဟု ယူဆရသူက ပစ္စတိုဖြင့် ဦးဟန်လွင်၏ ဦးခေါင်းအား ထုရိုက်ခဲ့ပြီး ခြေထောက်အား တုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ၎င်းနောက် ကုမ္ပဏီအတွင်းရှိ ရှင်းလင်းဆောင်၊ အလုပ်သမားနားနေဆောင်၊ ပစ္စည်းဂိုတောင်၊ ထမင်းစားဆောင်တို့အား ဓါတ်ဆီများပက်ဖြန်းပြီး တရုတ်လက်ပစ်ဗုံး(၅)လုံးဖြင့် ပစ်ပေါက်ကွဲကာ မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ကုမ္ပဏီဝန်းအတွင်း ရပ်ထားသော ယာဉ်များအား ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ဆိုင်ကယ်များဖြင့် ကုမ္ပဏီလုပ်ကွက်၏ အနောက်ဘက်သို့ ပြန်လည်ထွက်ခွာ သွားခဲ့သည်။ KIA ရိုက်နှက်ခံရသူ ဦးဟန်လွင်အား ပြည်သူ့ဆေးရုံ(တာမခံ)သို့ ပို့ဆောင်ခဲ့ရပြီး၊ မီးရှို့ခံထားရသော အဆောက်အဦးများအား မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များဖြင့် အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့ပါသည်။ ဖားကန့်မြို့နယ်အတွင်းရှိ KIA သောင်းကျန်းသူအဖွဲ့မှာ အတင်းရဲလာပြီး၊ ယခု(၃)ရက် အတွင်းမှာပင် ရှမ်းလူမျိုးများအား သတ်မှု(၂)မှုနှင့် အစောင့်များအား ရိုက်နှက်ကာ ကုမ္ပဏီအား မီးရှို့မှု(၁)မှုတို့ကို တရားဥပဒေမဲ့ မင်းမဲ့စရိုက်စံစွာ ကျူးလွန်ထားခဲ့ကြောင်း ဖားကန်မြို့ရှိ ရှမ်းနီ(တိုင်းလိုင်)ပါတီဝင် ဦးအိုက်ထွန်းမှ ဆိုသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: