ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများ ထုတ်ပြန်
-------------------------------------------------------------
ရန်ကုန်အောက်တိုဘာ ၁၂
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် မိုင်းလား အထူးဒေသ အပါအဝင် ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နယ်မြေအချို့ ၌ ရွေးကောက်ပွဲများကျင်းပခြင်း ပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၂ ရက် စွဲဖြင့် ကြေညာ ချက် များ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက် များအရ ကချင်ပြည်နယ်အတွင်းရှိ မချမ်းဘောမြို့နယ် ၊ဆွမ်ပရာ ဘွမ်မြို့နယ်မှု၊ ခေါင်လန်ဖူးမြို့နယ် ၊ ၀ိုင်းမော် မြို့နယ်မှ၊ ချီဖွေမြို့နယ် ၊ ဆော့လော်မြို့ နယ် ၊အင်ဂျန်းယန်မြို့နယ်၊ တနိုင်းမြို့နယ် ၊ မိုးမောက်မြို့နယ် ၊ မံစီမြို့နယ် ၊ ကရင်ပြည်နယ်အတွင်းရှိ ဖားအံမြို့နယ်မှ ၊ လှိုင်းဘွဲ့ မြို့နယ် ၊ သံတောင်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်၊ ဖာပွန်မြို့နယ် ၊ပဲခူးတိုင်းဒေသကြီး အတွင်းရှိကျောက်ကြီး မြို့နယ် ၊ရွှေကျင်မြို့နယ် ၊ ရှမ်းပြည်နယ် ပန်ဆန်း (ပန်ခမ်း)မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့ နယ်၊ နားဖန်းမြို့နယ်နှင့် မိုင်းလားမြို့နယ်တစ်ခုလုံးကို လည်းကောင်း၊ မူဆယ်မြို့နယ်မှု၊ ကုန်းကြမ်း မြို့နယ်မှ၊ မန်တုံမြို့နယ် ၊မိုင်းခတ်မြို့နယ်၊မိုင်းယန်းမြို့နယ် ၊မိုင်းယောင်းမြို့ နယ် ၊မိုင်းတုံမြို့ နယ် နှင့် မက်မန်းမြို့နယ် မှ ကျေးရွာ ဒေသအချို့ ပါဝင်ခဲ့သည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment