Tuesday, October 13, 2015

ရွေးကောက်ပွဲကို ရန်စလိုက်ခြင်းပါလော ရွေးကောက်ပွဲကို ရန်စလိုက်ခြင်းပါလော

ရွေးကောက်ပွဲကို ရန်စလိုက်ခြင်းပါလော
-----------------------------------------
၂၀၁၁ ခုနှစ် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် တာဝန်ယူချိန်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ခဲ့သည်ကို အားလုံးအသိဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) ကို ဖွဲ့စည်းပေးကာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်စေခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှလည်း ငြိမ်းချမ်းရေးမူ ၆ ချက်ကိုချမှတ်ကာ ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်မှု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးဆောင်မှု၊ အစိုးရအဖွဲ့ဝင်များနှင့် UPWC တို့၏ဖော်ဆောင်မှု တိုင်းရင်းသား အဖွဲ့အစည်းများ၏ လိုက်ပါဆောင်ရွက်မှုများကြောင့် NCA စာချုပ်ကို လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုး နိုင်တော့မှာဖြစ်ပါတယ်။ နိုင်ငံတွင်း၌ဖြစ်ပွားနေသော နှစ်ပေါင်းကြာရှည်သည့် ပဋိပက္ခများကိုဖြေရှင်းပြီး ငြိမ်းချမ်း သာယာသည့် နိုင်ငံတည်ဆောက်ရန် အစိုးရနှင့် ညီနောင်တိုင်းရင်းသားတို့ အတူလက်တွဲ ဆောင်ရွက်မှု၏ အောင်မြင်မှု၊ မြန်မာနိုင်ငံ၏ သမိုင်းမှတ်တိုင်သစ်ဟုဆိုရမှာဖြစ်ပါတယ်။ ဒေသခံ ညီနောင်တိုင်းရင်းသားတို့အတွက် လည်း အတိုင်းမသိဝမ်းသာပီတိဖြစ်မိပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပွဲတွင် KIA လက်နက်ကိုင်အဖွဲ့သည် ပါဝင်လက်မှတ်ရေးထိုးရန်အကြောင်းအမျိုးမျိုးပြရှောင်လွှဲပြီး နောက်ပိုင်းမှစ၍ ၎င်းတို့၏ ဥပဒေမဲ့လုပ်ရပ်များက ပိုမိုများပြားလာပါတယ်။ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက် ခြင်း၊ ယာယီခြေကုပ် စခန်းများ တည်ဆောက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများကြောင့် အပြစ်မဲ့ အရပ်သားများနှင့် ကလေးငယ်များ ထိခိုက်သေဆုံးမှုဖြစ်စဉ်များကို နေ့စဉ်လိုလို စိတ်မကောင်းစွာ ကြားသိ နေရပါတယ်။ KIA လက်နက်ကိုင်အဖွဲ့သည် အခြေအမြစ်မရှိသော မူဝါဒအမျိုးမျိုးပြောင်းလဲကာ ငြိမ်းချမ်း ရေးလက်မှတ်ရေးထိုးပွဲတွင်မပါဝင်ဘဲ လက်နက်ကိုင် လမ်းစဉ်ကို မစွန့်လွှတ်ဘဲ ရှိနေသည်မှာ အားလုံးအသိပင် ဖြစ်ပါတယ်။ KIA တို့သည် မိုးကောင်း၊ ဖားကန့်၊ ဗန်းမော် စသောဒေသတစ်ဝိုက်ရှိ ရှမ်းနီလူမျိုးများကို အဓိကထားတိုက်ခိုက်သတ်ဖြတ်အနိုင်ကျင့်မှုများ ဆောင်ရွက်နေသည် ကိုလည်း စိတ်မကောင်းစွာ ကြားသိရပါတယ်။ ရှမ်းနီတို့သည် KIA ၏ အနိုင်ကျင့်စော်ကားမှုကို နှစ်ပေါင်းများစွာ ခါးစီးခံခဲ့ကြရပါတယ်။ KIA တို့ကြီးစိုးရာဒေသတွင် ကချင်လူမျိုးကြီးဝါဒထူထောင်ရန် အခြားတိုင်းရင်းသားများကို ဖိနှိပ် အနိုင် ကျင့်သတ်ဖြတ်မှုများဆောင်ရွက်နေသည်ဟုထင်မိပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အချုပ် အခြာ အာဏာအောက်မှ ခွဲထွက်ကာ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ရန် KIA တို့၏ အိမ်မက်ကို အကောင် အထည်ဖော်နေသည်ဟုလည်း ယူဆမိပါတယ်။

လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို မကြိုဆိုခြင်း၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုများကို ကန့်ကွက်ခြင်း၊ ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပွား အောင်ဆောင်ရွက်ပြီး ရွေးကောက်ပွဲကိုပျက်ပြားစေရန် ကြံစည်ခြင်းတို့က ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအပေါ် KIA တို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်မှုများပင် ဖြစ်ပါတယ်။ ပြီးခဲ့သော အောက်တိုဘာလ ၅ ရက်နေ့က ဖားကန့်မြို့နယ် နမ့်မှော်ရွာမှ ရှမ်းနီပါတီဝင် ဦးထွန်းလွင်ကို KIA တပ်ဖွဲ့ဝင်များက သေနတ်နှင့် မသေမချင်းပစ်သတ်သွားမှု၊ အောက် တိုဘာလ ၆ ရက်နေ့က ဝှေ့ခါးကျေးရွာမှ ရှမ်းနီပါတီ စည်းရုံးရေးမှူးနှင့် ပါတီအမှုဆောင်အရာရှိ ဦးကံဆက်အား ဝှေ့ခါး ဘုန်းကြီးကျောင်းရှေ့တွင် ပစ်သတ် သွားခဲ့မှုတွေက KIA တို့သည် ရှမ်းနီတိုင်းရင်းသားတို့အပေါ် တစ်စုံ တစ်ရာ ရည်ရွယ်ချက်ရှိမည် ထင်ပါတယ်။ ပြည်မမှခွဲထွက်ကာ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ချင်နေသော KIA တို့အဖို့ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီဆိုသည်က သူတို့အတွက် အနှောင့်အယှက်၊ ခလုတ်ကန်သင်းတစ်ခုဟုမှတ်ယူကာ ရှမ်းနီတိုင်းရင်းသားများမရှိရေး၊ ကချင်ပြည်နယ်တွင် ရွေး ကောက်ပွဲမဖြစ်မြောက်ရေးကို ဦးတည်ရန်ရှာနေသလောဟု ဒေသခံပြည်သူအများက စိုးရိမ်နေကြရပါကြောင်း ရေးသားလိုက်ရပါတယ်။

သက်ထွဋ်မောင်



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: