New Porduct
Huawei G7 Plus
အောက်တိုဘာလဆန်းမှာ ပြည်တွင်းကို စတင်ဝင်ရောက်လာသည့် ဟွာဝေး ၏ နောက်ဆုံးထွက် မော်ဒယ်မြင့် တန်ဖိုးမြင့် စမတ်ဖုန်းမော်ဒယ်သစ်တစ်ခု ဖြစ်ပြီး ရောင်းဈေးမှာ ကျပ်လေးသိန်းခွဲဝန်းကျင်ရှိသည်။
စီပီယူမှာSnapdragon 616 ဖြစ်ပြီးRam 2GB နှင့် မင်မိုရီ 16GB ပါဝင်ကာ မင်မိုရီကတ်ထပ်စိုက်၍လည်း သုံးနိုင်သည်။ ဘက်ထရီမှာ ၃ဝဝဝmAh ဖြစ်ပြီး အန်းဒရွိုက်ဗားရှင်းမှာLollipop ဖြစ်သည်။ ကင်မရာအနေဖြင့် နောက်ကင်မရာ 13.1MP နှင့် ရှေ့ကင်မရာ 5MP ဖြစ်သည်။ နက်ဝပ်အနေဖြင့်GSM နှင့် WCDMA နက်ခ်ဝပ်များအတွက် အသုံးပြုနိုင်ပြီး ဆင်းကတ် နှစ်ကတ်ထည့်သုံးနိုင်သည်။
အင်တာနက်ကိုလည်း 3G မှLTE အထိ ထောက်ပံ့ပေးနိုင်သည်။
ကိုယ်ထည်အရောင်အနေဖြင့် ၃ ရောင်ရှိပြီး ကိုယ်ထည်ကာဗာမှာ သတ္တု အပြည့်ကိုယ်ထည်ဖြစ်သည်။ မျက်နှာပြင်အကျယ် ၅ ဒသမ ၅ လက်မရှိပြီးFull HD ဖြစ်သဖြင့် ကြည်လင်ပြတ်သားသော ပုံထွက်မျိုးရရှိမည့်အပြင် 2.5
D Curved Display နည်းပညာကြောင့်3D ရုပ်ထွက်မျိုးကိုပါ ရရှိနိုင် မည်ဖြစ်သည်။ ထူးခြားချက်မှာ လက်ဗွေfinger print နည်းပညာ ပါဝင်လာ ခြင်းဖြစ်သည်။Finger Print နည်းပညာပါဝင်သည့် ဟွာဝေး၏ ဒုတိယမြောက် ဖုန်းမော်ဒယ်ဖြစ်သည်။ ယခင်ထွက်ခဲ့သည့် Ascend Mate7 တွင် ပါဝင်သောFinger print နည်းပညာထက် ပိုကောင်းအောင်လုပ်ထားပြီး ၉၇ ရာခိုင်နှုန်း အထိ တိကျသည့် လက်ဗွေဖတ်စနစ်များပါဝင်ကြောင်း သိရသည်။ သူရဖြိုး
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment