Saturday, October 10, 2015

ဝှိုက်ကတ် ပြန်အပ်ပြီး နိုင်ငံသား စိစစ်မှုခံယူသူ ဘင်္ဂါလီ ၅၀ ကျော် နိုင်ငံသားဖြစ်ခွင့်ရ

ဝှိုက်ကတ် ပြန်အပ်ပြီး နိုင်ငံသား စိစစ်မှုခံယူသူ ဘင်္ဂါလီ ၅၀ ကျော် နိုင်ငံသားဖြစ်ခွင့်ရ

စစ်တွေ၊ အောက်တိုဘာ ၉

ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံကတ်(ဝှိုက်ကတ်) ပြန်လည်အပ်နှံကာ နိုင်ငံသား စိစစ်မှုခံယူသည့်ဘင်္ဂါလီ ၅၅ဦးကို နိုင်ငံသား ဖြစ်ခွင့်ပြုပြီး လေးဦးကို နိုင်ငံသား ပြုခွင့်ရရှိသူအဖြစ် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ရခိုင်ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။

ဝှိုက်ကတ်ပြန်လည် အပ်နှံပြီး နိုင်ငံသား စိစစ်မှုခံယူရန် လျှောက်ထားသည့် ဘင်္ဂါလီ ၉၄၈ ဦးရှိပြီး ယင်းအနက် ၅၅ဦးကို နိုင်ငံသား၊ လေးဦးကို နိုင်ငံသားပြုခွင့်ရရှိသူအဖြစ် ဗဟိုအဆင့်က အောက်တိုဘာလ ပထမပတ်အတွင်း ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားသူ ၉၄၈ဦးအနက် မြို့နယ်အဆင့် နိုင်ငံသားစိစစ်ရေးအဖွဲ့က စိစစ်ပြီး တင်ပြလာသည့် ဘင်္ဂါလီ ၃၀၁ဦး၏ ပြည်နယ်အဆင့်က ထပ်မံစိစစ်ကာ ဗဟိုသို့တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတင်ပြချက်များကို ဗဟိုက စိစစ်ကာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဦးခင်စိုးက ပြောဆိုသည်။

“ ကျန်တဲ့ဟာတွေလည်း ဗဟိုအဖွဲ့က ချပေးလာရင် ဥပဒေနဲ့ညီတဲ့ ကဒ်တမျိုးမျိုးထုတ်ပေးသွားမှာပေါ့။ ဆက်ပြီး လျှောက်လာတဲ့ လျှောက်လွှာတွေလည်းပဲ ကျွန်တော်တို့ဘက်က ဗဟိုကို ဆက်တင်ပေးနေပါတယ်”ဟု ၎င်းက ပြောကြားသည်။
နိုင်ငံသား စိစစ်မှုခံယူရန် လျှောက်ထားရာတွင် ရမ်းဗြဲ၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ မြေပုံ၊ စစ်တွေ မြို့နယ် များက ဖြစ်ပြီး ဗဟိုက ခွင့်ပြုချက်ပေးလိုက်သည့် ဘင်္ဂါလီ ၅၉ ဦးမှာ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်များက ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဝှိုက်ကဒ် အပ်နှံသူ ၃၉၀၀၀၀ ကျော်ရှိပြီး ယင်းအနက် နိုင်ငံသား စိစစ်ခံရမည့်သူ သက်သေခံ ကတ် ဘင်္ဂါလီ ၃၃၃၇ဦးကို ထုတ်ပေးခဲ့ကြောင်း၊ ယင်းကတ်သည် နေထိုင်ခွင့်ကို အထောက်အကူပြု သော်လည်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စသည့်ဖြင့် ကဒ်တခုခုရရှိရန် ဆက်လက်စိစစ်ခံယူရန် လိုအပ် ကြောင်း ဦးခင်စိုးက ပြောကြားသည်။

ဝှိုက်ကတ်အပ်နှံပြီးသူတိုင်းကို နိုင်ငံသား စိစစ်ခံရမည့်သူ သက်သေခံကတ် ထုတ်ပေးသော်လည်း လူမျိုးအမည် တွင် အငြင်းပွားမှုများကြောင့် ယင်းကတ်ကို ဘင်္ဂါလီအများစုက လာရောက်ထုတ်ယူခြင်းမရှိကြောင်း ၎င်း ရှင်းပြ သည်။

နိုင်ငံသားစိစစ်ခံရမည့်သူ သက်သေခံကဒ် ကိုင်ဆောင်ထားသူများတွင် စစ်တွေမြို့နယ်က ၂၉၆ ဦး၊ ရသေ့တောင် မြို့နယ်က ၁၆ ဦး၊ ပေါက်တောမြို့နယ်က ၆၃ ဦး၊ မြောက်ဦးမြို့နယ်က ၁၉ ဦး၊ မောင်တောမြို့နယ်က ၂၃၆၄ ဦး၊ ဘူးသီးတောင်မြို့နယ်က ၃၉၉ဦး၊ တောင်ပြိုမြို့နယ်ခွဲက ခြောက်ဦး၊ ကျောက်ဖြူမြို့နယ်က ၄၅ ဦးနှင့် သံတွဲမြို့ နယ်က ၁၂၉ ဦး တို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီများအား နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: