မချောစန္ဒီထွန်းကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်စစ်ဆေးမည်
Tuesday, October 13, 2015
လူမှုကွန်ရက် စာမျက်နှာဖြစ်သော Facebook စာမျက်နှာတွင် ဖော်ပြချက်နှင့် စပ်လျဉ်းပြီး Account ပိုင်ရှင် မချောစန္ဒီထွန်း(ခ) ချစ်သမီးကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း မအူပင်မြို့နယ် တရားရုံးထံမှ သိရသည်။
မချောစန္ဒီထွန်း(ခ) ချစ်သမီးကို မအူပင်မြို့နယ် ရဲစခန်းက (ပ) ၂၉၄/၂၀၁၅ အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၄ (ဃ) အရ အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ (အောက်တိုဘာလ ၁၃ရက်) နံနက်ပိုင်းက မချောစန္ဒီထွန်း(ခ) ချစ်သမီးကို မအူပင်မြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်ခဲ့ပြီး မအူပင်ထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း မအူပင်မြို့နယ် တရားရုံးထံမှ သိရသည်။
The Voice Weekly
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment