Tuesday, October 13, 2015

ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့ ပါတီတွေနဲ့ ညှိနှိုင်း ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့ ပါတီတွေနဲ့ ညှိနှိုင်း

ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့ ပါတီတွေနဲ့ ညှိနှိုင်း

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကို ရွှေဆိုင်းဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားတယ်လို့ သိရပါတယ်။

နိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်တွေနဲ့ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့အတွက် မကြာမီမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ဥက္ကဌဦးတင်အေးက ပြောကြောင်း အာအက်ဖ်အေ သတင်းထောက်က သတင်းပေးပို့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းနဲ့ ဆက်ပြီး မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာကို လက်မခံကြောင်း ပြောတယ်လို့လည်း သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အန်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စတဲ့ပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: