Sunday, October 18, 2015

သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက် , နေပြည်တော်

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့ အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် “Nationwide Ceasefire Agreement” (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ပါသည်။

၂။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး “Joint Implementation Coordination Meeting” (JICM) ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်ပါ အခန်း (၅) အပိုဒ် (၂၁) အပိုဒ်ခွဲ (က) (၁) အရ ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့၊ နေ့လည်ပိုင်းတွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းညှိနှိုင်းအစည်းအဝေးကို ဒုတိယသမ္မတ၊ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်၍ အောက်တိုဘာလ (၁၆၊ ၁၇) ရက်နေ့များတွင် နေပြည်တော်၌ ဆက်လက်ကျင်းပခဲ့ပါသည်။

၃။ ဤ ညှိနှိုင်းအစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ “Joint Monitoring Committee” (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ “Union Peace Dialogue Joint Committee” (UPDJC) များကို ဖွဲ့စည်းနိုင်ခဲ့ကြပါသည်။

၎။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် မပါဝင် သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် နှစ်ဘက် ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူကြပါသည်။

၅။ ဒုတိယအကြိမ် JICM အစည်းအဝေးကို နိုဝင်ဘာလ လလယ်ပိုင်းတွင် ထပ်မံကျင်းပရန် သဘောတူခဲ့ကြပြီး (NCA) စာချုပ်ပါ သဘောတူညီချက်များ နှင့် အညီ နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး

Ref : Hla Maung Shwe facebook



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: