တိုင်းရင်းသားတွေပါလာတာ အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ ဒေါ်စုစကားကို တိုင်းရင်းသား ခေါင်းဆောင်များ မကျေနပ်
========================================
ပြည်သူ ၅၁ သန်းကျော်အတွက်အရေးပါသည့် မြန်မာ့နိုင်ငံရေး ထိပ်သီး အစည်းအဝေးတွင်တိုင်းရင်းသား အင်အားစုများပါဝင်လာကာ ၁၂ ပွင့် ဆိုင်ဖြစ်သွားသည့်အတွက် အနှောင့်အယှက်ဖြစ်ရကြောင်း ဒေါ်အောင်ဆန်း စုကြည်မှ ပြောဆိုခဲ့ခြင်းနှင့်ပတ်သက်၍ လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပရှိ တိုင်းရင်းသားအင်အားစုများက မကျေမနပ်ဖြစ်နေကြကြောင်း သတင်းရရှိသည်။
လွတ်လပ်တဲ့ အာရှအသံ RFA နဲ့ အပတ်စဉ်အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်မှ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထပ်သီးတွေ့ဆုံပွဲ တိုင်းရင်းသားများပါလာခြင်းကို အနှောင့်အယှက်ဖြစ်ရကြောင်းနှင့် တိုင်းရင်းသားတွေပါတဲ့ ၁၂ ပွင့်ဆိုင်အဆိုတင်ခြင်းမှာ တကယ့်ဆွေးနွေးပွဲ မဖြစ်အောင် လုပ်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခြင်းနှင့်ပတ်သက်၍ မြန်မာ့နိုင်ငံရေးမှာ တိုင်းရင်းသားတွေကိုဖယ်ထုတ်ဖို့ ကြိုးစားတာမဖြစ်သင့်ကြောင်း အမျိုးသားလွှတ်တော် တိုင်းရင်းသားပါတီတစ်ခုမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ယခုကဲ့သို့ပြောကြားခဲ့သည်။ “တိုင်းရင်းသားတွေက လွှတ်လပ်ရေး တိုက်ပွဲဝင်ကတည်းက မြန်မာ့ နိုင်ငံရေးမှာ ပါဝင်ခဲ့တာပဲဗျ.. အာဇာနည် ကိုးဦးမှာတောင် မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းတို့ မန်းဘခိုင်တို့… တိုင်းရင်းသားတွေ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ နိုင်ငံရေးဆွေးနွေးခဲ့ကြတာပဲ… လွတ်လပ်ရေးရတော့လည်း သမ္မတတောင် လုပ်ခဲ့တာလေ.. အခုချိန် ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် ပေါ်လာတော့မှ နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဖယ်ထုတ်ချင်တာ မကောင်းဘူး… တိုင်းရင်းသားပါလို့ အနှောင့်အယှက်ဖြစ်တယ်လို့တော့ မပြောသင့်ဘူး..” ဟု ဆိုသည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ဒေါ်အောင်ဆန်းစုကြည်မှ သမ္မတ၊ လွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ် သုံးဦးနှင့် ဆွေးနွေးခွင့် တောင်းထားပြီး တိုင်းရင်းသားတစ်ဦးတစ်ယောက်မှမပါဘဲ ၎င်းတို့ လေးဦးတည်းသာ နိုင်ငံရေးထိပ်သီးအစည်းအဝေးလုပ်ပေးရန် တောင်းဆိုထားသည်။
ချင်းတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးနိုးထန်ကပ်မှ “ဖွဲ့စည်းပုံအခြေခံဥပဒေက တစ်နိုင်ငံလုံး တိုင်းရင်းသား အားလုံးရဲ့ အသက်သွေးကြောဖြစ်တယ်… ဗမာတိုင်းရင်းသား ငါးဦးက ကိုယ်စားပြုပြီးတော့ ကျန်တဲ့ တိုင်းရင်းသား တစ်ယောက်တည်း ကိုယ်စားပြုတယ်ဆိုတော့ သဘာဝမကျဘူးလို့ မြင်တယ်… " ဟု ဆိုသည်။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်မှလည်း ကျန်တိုင်းရင်းသားများဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းနဲ့ မွန် တိုင်းရင်းသားများပါ ထည့်သွင်းဆွေးနွေးမှသာလျှင် ပိုမိုပြည့်စုံတဲ့ ဆွေးနွေးချက် ဖြစ်မယ်လို့ ယူဆပါကြောင်း ဆိုသည်။
ချင်းအမျိုးသားတိုးတက်ရေးပါတီခေါင်းဆောင် ဦးဇိုဇမ်မှ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုစေချင် လျှင် အနည်းဆုံး တိုင်းရင်းသား (၇) ဦး လိုအပ်မည်ဟုပြောဆိုထားပြီး ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်မှလည်း ထိပ်သီးဆွေးနွေးပွဲ၌ တိုင်းရင်းသားတစ်ဦးတည်း ပါဝင်ခြင်းဟာ လုံလောက်မှုမရှိဟုဆိုသည်။
၂၀၁၀ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအင်အားစုများ အကြား မပြေလည်မှု များဆက်တိုက်ဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းရင်းသားအရေးများအတွင် လုံးဝ လစ်လျူရှုခြင်းများ ဆက်တိုက် လုပ်ဆောင်ခဲ့သလို တိုင်းရင်းသားအင်အားစုများမှလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်မှု သိသိသာသာ လျော့နည်းလာကြောင်း တွေ့ရသည်။
(မြတ်သာ)
ပြည်သူ့အာဏာ
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment