Thursday, October 15, 2015

ခြေစစ်ပွဲစဉ်တစ်လျှောက် ရာနှုန်းပြည့်နိုင်ပွဲရလဒ်ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ သည့်အပေါ် ဂုဏ်ယူမိကြောင်း အင်္ဂလန်နည်းပြဖွင့်ဟ ***********************************************************

ခြေစစ်ပွဲစဉ်တစ်လျှောက် ရာနှုန်းပြည့်နိုင်ပွဲရလဒ်ဖြင့်
စံချိန်သစ်တင်နိုင်ခဲ့ သည့်အပေါ် ဂုဏ်ယူမိကြောင်း အင်္ဂလန်နည်းပြဖွင့်ဟ
***********************************************************
ယူရို ၂ဝ၁၆ ပြိုင်ပွဲအတွင်း လက်မှတ်ခွဲတမ်းပိုမိုရရှိရန်အတွက် အက်ဖ်အေထံ ပရိသတ်များတောင်းဆို
အင်္ဂလန်လက်ရွေးစင်အသင်း အား ယူရိုခြေစစ်ပွဲအောင်မြင်ရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြရွိုင်း ဟော့ဆန်က ခြေစစ်ပွဲစဉ်တစ်လျှောက် ရှုံးပွဲမရှိရလဒ်ဖြင့် စံချိန်သစ်တင်နိုင် ခဲ့သည့်အတွက် ကျေနပ်မိကြောင်း၊ နိုင်ငံအသင်းအပေါ် ပေးဆပ်ခဲ့သည့် အသင်းသားများအပေါ် ဂုဏ်ယူမိ ကြောင်း မီဒီယာများထံ ဖွင့်ဟပြော ကြားခဲ့သည်။
၂ဝ၁၄ စက်တင်ဘာတွင်စတင် ခဲ့သည့် ယူရို ၂ဝ၁၆ ခြေစစ်ပွဲအဖွင့်ပွဲ စဉ်အဖြစ် ဆွစ်ဇာလန်အသင်းနှင့် ပွဲစဉ်တွင် ဝ-၂ ဖြင့်အနိုင်ရရှိခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်ဖြစ်သည့် လစ်သူယေးနီးယားနှင့်ပွဲစဉ်တွင် လည်း နိုင်ပွဲထပ်မံရရှိခဲ့သည့်အတွက် ခြေစစ်ပွဲစဉ်တစ်လျှောက် ရာနှုန်း ပြည့် နိုင်ပွဲရလဒ်ရယူနိုင်ခဲ့ခြင်းဖြစ် သည်။ ထို့အပြင် နည်းပြရွိုင်းဟော့ ဆန်အနေဖြင့် အင်္ဂလန်လက်ရွေး စင်အသင်းအား ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိရလဒ်ရရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့သည်။
''အသင်းရဲ့ စံချိန်တင်အောင်မြင် မှုတစ်ခုပါပဲ။ နိုင်ငံအသင်းအတွက် ပေးဆပ်ကစားခဲ့တဲ့ကစားသမားတွေ အတွက်ဂုဏ်ယူမိပါတယ်။ ခြေစစ် ပွဲစဉ် ၁ဝ ပွဲလုံးအနိုင်ရရှိဖို့ဆိုတာ တကယ်ကိုမလွယ်ကူပါဘူး။ အသင်း အနေနဲ့ ခြေစစ်ပွဲစဉ်တစ်လျှောက် အခက်အခဲဆုံးအခြေအနေတွေ ရင်ဆိုင်ခဲ့ရသလို လက်ရွေးစင်အသင်း သားအားလုံး အမှားအယွင်းမရှိ အ သင်းအတွက် ပေးဆပ်နိုင်ခဲ့ကြတာ ပါ''ဟု ရွိုင်းဟော့ဆန်က ဆိုခဲ့သည်။
၂ဝဝ၈ ယူရိုခြေစစ်ပွဲအောင်မြင် ခဲ့ခြင်းမရှိသည့် အင်္ဂလန်လက်ရွေး စင်အသင်းသည် ၂ဝ၁၂ ယူရိုခြေစစ် ပွဲစဉ်များမှစတင်၍ ယူရို၂ဝ၁၈ ခြေ စစ်ပွဲစဉ်များပြီးဆုံးသည့်အချိန်အထိ ရှုံးပွဲမရှိရလဒ်ကို ထိန်းသိမ်းထားနိုင် ခဲ့ခြင်းလည်းဖြစ်သည်။ ထို့ပြင် အင်္ဂလန် အသင်းအနေဖြင့် ယူရို ၂ဝ၁၈ ခြေစစ် ပွဲစဉ်များတွင် အီတလီ၊ ရိုမေးနီးယား၊ သြစတြီးယားတို့နှင့်အတူ ရှုံးပွဲမရှိ ရလဒ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ယင်းအတွက်ကြောင့် အင်္ဂလန် ပရိသတ်များအနေဖြင့် ပြင်သစ်နိုင် ငံတွင်ကျင်းပမည့် ယူရို ၂ဝ၁၈ ပြိုင်ပွဲ အတွက် လက်မှတ်ခွဲတမ်းပိုမိုရရှိရန် အက်ဖ်အေထံ တောင်းဆိုမှုများပြု လုပ်ခဲ့ကြောင်း မီဒီယာများမှဖော်ပြ လျက်ရှိသည်။ ထို့အပြင် အင်္ဂလန်အား ပေးသူများ ပရိသတ်အဖွဲ့ဝင်များ အနေဖြင့် အက်ဖ်အေဥက္ကဋ္ဌဖြစ်သူ ဂရက်ဒိုက်ခ်နှင့်တွေ့ဆုံရန်ပင် အလို ရှိနေကြောင်း သိရသည်။
WKM
DemocracyToday



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: