Thursday, October 15, 2015

တပ်ချုပ်ပုံကို မဖွယ်မရာပြုလုပ်မှုဖြင့် တတိယမြောက် ဖမ်းဆီးခံရ လှိုင်မြို့နယ် မြင့်မိုရ်အိမ်ရာမှာနေထိုင်တဲ့ ဦးကွန်ဂျာလီ

တပ်ချုပ်ပုံကို မဖွယ်မရာပြုလုပ်မှုဖြင့် တတိယမြောက် ဖမ်းဆီးခံရ
လှိုင်မြို့နယ် မြင့်မိုရ်အိမ်ရာမှာနေထိုင်တဲ့ ဦးကွန်ဂျာလီကို ဒီနေ့ (အောက်တိုဘာ ၁၄ ရက်) ည ၇ နာရီလောက်က တပ်ချုပ် မင်းအောင်လှိုင်ပုံကို ခြေနဲ့နင်းထားတဲ့ဓာတ်ပုံကို facebook လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှုးကြီးမင်းထွဋ်က တရားလိုပြုလုပ် တရားစွဲ ဆိုထားကြောင်းသိရပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူမှာ အောက်တိုဘာလ ၆ ရက်နေ့က တပ်ချုပ် ဓာတ်ပုံကို မဖွယ်မရာပြုလုပ်ပြီး ညစ်ညမ်းစာသားတွေနဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြခဲ့လို့ မရမ်းကုန်ရဲစခန်းမှာ အရေးယူခံထားရတဲ့သူနဲ့ ဖြစ်စဉ်တူပြီး လှိုင်ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အရေးယူထားတယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးကျော်ထွဋ်က အတည်ပြု ပြောပါတယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: