Thursday, October 8, 2015

အူရီဒူး၏ ဈေးနှုန်းချိုသာသောအင်တာနက် အစီအစဉ်ကိုထုတ်ပြန်ကြေညာ ***********************************************************

အူရီဒူး၏ ဈေးနှုန်းချိုသာသောအင်တာနက် အစီအစဉ်ကိုထုတ်ပြန်ကြေညာ
***********************************************************

ရန်ကုန်၊ အောက်တိုဘာ ၈

ဈေးနှုန်းချိုသာစွာဖြင့် အင်တာနက် အသုံးပြုနိုင်မည့် အစီအစဉ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၉ ရက် (၀၀:၀၀:၀၁) နာရီမှစ၍ အူရီဒူးသုံးလက်စသုံးစွဲုသူများသာမကယခုမှ စတင်အသုံးပြုမည့် သုံးစွဲသူများပါ ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

ဈေးနှုန်းချိုသာသည့် အူရီဒူးအင်တာနက်အစီအစဉ်နှင့်ပတ်သက်၍ နေ့စဉ်သုံးအစီအစဉ် ၁ ခုနှင့် လစဉ်သုံးအစီအစဉ် ၄ ခုဟူ၍ စုစုပေါင်း ၅ ခုရှိမည်ဖြစ်သည်။ နေ့စဉ်သုံး70 MBအတွက် ၃၉၀ ကျပ် တည်းဖြင့် ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ လစဉ်သုံးအတွက်ဆိုပါလျှင် 550 MBအတွက် ၂,၈၀၀ကျပ်နှုန်း၊ 1.35GB အတွက် ၆,၅၀၀ကျပ်နှုန်း၊ 2.5 GBအတွက် ၁၁,၅၀၀ကျပ်နှုန်းနှင့် 5.5 GBအတွက် ၂၅,၀၀၀ကျပ်နှုန်းဖြင့် မိမိတို့နှင့် သင့်တော်ရာအလိုရှိရာကိုဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

ထို့ကြောင့် နေ့စဉ်သုံးအတွက် ၀ယ်ယူသုံးစွဲမည်ဆိုပါက2238 သို့ 70MB ဟုSMSမက်ဆေ့ခ်ျ ပို့၍ဖြစ်စေ၊*5001# ကိုဖုန်းခေါ်ဆို၍ဖြစ်စေ၀ယ်ယူနိုင်မည်ဖြစ်သည်။ လစဉ်သုံးအတွက် 550 MB ၀ယ်ယူသုံးစွဲမည်ဆိုပါက2238 ထံ 550MB ဟုSMSပို့၍ဖြစ်စေ၊*5002# ကိုခေါ်ဆို၍ဖြစ်စေ၊1.35GB ၀ယ်ယူသုံးစွဲမည် ဆိုပါက 2238 ထံ1.35GB ဟုSMSပို့၍ဖြစ်စေ၊*5003# ကိုခေါ်ဆို၍ဖြစ်စေ၊ 2.5 GB ၀ယ်ယူသုံးစွဲမည်ဆိုပါက 2238 ထံ2.5GB ဟုSMS ပို့၍ဖြစ်စေ၊ *5004# ကိုခေါ်ဆို၍ဖြစ်စေ၊ 5.5 GB ၀ယ်ယူသုံးစွဲမည်ဆိုပါက 2238 ထံ 5.5GB ဟုSMS ပို့၍ဖြစ်စေ၊ *5005# ကိုခေါ်ဆို၍ဖြစ်စေ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: