Thursday, October 8, 2015

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ် နောက်လိုက်သည့် တပ်မတော် ရဟတ်ယာဉ်တစ်စီး လက်နက်ငယ် ဖြင့် ပစ်ခံရ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ် နောက်လိုက်သည့် တပ်မတော် ရဟတ်ယာဉ်တစ်စီး လက်နက်ငယ် ဖြင့် ပစ်ခံရ

ရန်ကုန် ၊ အောက်တိုဘာ ၇

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူး ကြီးမင်းအောင်လှိုင် ၏ ဖာပွန် ခရီးစဉ် နောက် လိုက် ပါသွား သည့် တပ်မတော် ရဟတ်ယာဉ် တစ်စီး ကို လက်နက်ကိုင် တပ် ဖွဲ့ တစ်ဖွဲ့ က လက်နက် ငယ် ဖြင့် ပစ်ခတ်ခဲ့ ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး မှ တာဝန်ရှိ သူ တစ်ဦး ကပြောကြား သည်။

အဆိုပါ ရဟတ်ယာဉ်သည် အောက်တို ၆ ရက်နေ့က ကရင်ပြည်နယ် ဖာပွန်မြို့အနီးတွင် ပစ်ခံရခြင်း ဖြစ်ကြောင်း ၎င်း ကဆိုသည်။

“ လက်နက်ငယ် နဲ့ အပစ်ခံ ရတာ ပါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နောက် ကလိုက်တဲ့ ရဟတ်ယာဉ် ပစ် ခံရတာ ပါ ။ ဗိုလ်ချုပ်မှူး ကြီး စီးတဲ့ ရဟတ်ယာဉ် ကတော့ ဘာ မှ မဖြစ် ဘူး ။ နှစ်စီး လုံး ဘာ မှ မဖြစ် ပါဘူး” ဟု ၎င်း ကဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခရီးစဉ်နောက် လိုက်ပါသွားသည့် အဆိုပါ တပ်မတော်ရဟတ်ယာဉ်ကို လက်နက်ငယ်ဖြင့် တစ်ချက်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိ သူတစ်ဦးကဆိုသည်။

မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်ခဲ့သည်ကိုမူ တပ်မတော် တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ် ငါးနှစ်တာကာလအတွင်း ၎င်းခရီးစဉ်နောက်လိုက်ပါသည့် ရဟတ်ယာဉ် တိုက်ခိုက်ခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဖာပွန်ဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် အခြားကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့၏ ထိန်းချုပ်နယ်မြေများလည်း ရှိသည်။

အဆိုပါ ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် လက်မှတ် ရေးထိုး ရန် ဆုံးဖြတ် ထားသည့် အဖွဲ့ များလည်း ဖြစ်သည်။

NCA စာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ချင်းအမျိုး သားတပ်ဦး (CNF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့ဖြစ်သည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: