(၃) ရက်ကြာ ပိတ်ထားသည့် ရထားလမ်း ပြန်ဖွင့်
လင်းလင်းမောင်
မန္တလေးမှ မြစ်ကြီးနာသို့ ပြေးဆွဲနေသည့် အင်းတော် မိုးညှင်း ရထားလမ်းတွင် ကျောက်တောင်ပြိုကျမှုကြောင့် (၃) ရက်ကြာ ပိတ်ထားရသည့် ရထားလမ်းပိုင်းအား ယခုလ (၁၁) ရက်နေ့ မွန်းလွဲ (၁) နာရီ မှစတင်ကာ လမ်းဖွင့်ပေးလိုက်ကြောင်း မိုးညှင်း ဘူတာရုံထံမှ သိရသည်။
အဆိုပါ ရထားလမ်းရှိ နမ့်ခမ်းကျေး ရွာအနီး ရထားလမ်းမိုင် (၅၆) နှင့် (၅၈) ကြားတွင် ပြီးခဲ့သည့် (၉) ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်တောင်ပြိုကျသွားခဲ့သဖြင့် ရထားလမ်းပိုင်းအား ယာယီ ပိတ်ထားခဲ့ရကြောင်း အဆိုပါ ဘူတာရုံမှ သိရသည်။
''နမ့်ခမ်း ကျေးရွာအနီးက ကျောက်တောင်ပြိုကျသွားလို့ ရထားလမ်းပိတ်ဆို့မှု ဖြစ်ခဲ့ပါတယ်။ မိုးညှင်းအစုန် ရထားတွေ ရပ်နားလိုက်ရတယ်။ ခရီးသည်တွေလည်း ရထားပေါ်မှာ သောင်သင်နေရတယ်။ (၃)ရက်လောက် ရပ်နားခဲ့ရတယ်။ ဒီနေ့ မွန်းလွဲ (၁) နာရီမှာ လမ်းပိုင်း ပြန်ဖွင့်လိုက်ပါပြီ''ဟု မိုးညင်း ဘူတာရုံမှ တာဝန်ရှိသူ တစ်ဦးက The Messenger Media သို့ပြောသည်။
ယင်းသို့ ရထားလမ်းပိုင်း အနီးရှိ ကျောက်တောင်မှ ကျောက်များ ပြိုကျလာမှုကြောင့် ရထားလမ်းများ ပိတ်ဆို့ခဲ့ရသဖြင့် အင်းတော်မှ မိုးညင်းသို့ ထွက်လာသည့် ခရီးသည်များမှာ ရထားပေါ်တွင် (၃) ရက်ကြာ ညအိပ်စောင့်လိုက်ရပြီး၊ ယခုအခါ လမ်းကြောင်း ရှင်းလင်းမှုများအား လုပ်ဆောင် ပေးခဲ့သည့် အတွက် ရထားများ ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့ကြောင်း ၎င်းထံမှ ဆက်လက် သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကောလင်း မြို့နယ်အတွင်း ရေများ ၀င်ရာက်ကာ ကားလမ်းများ၊ ရထားလမ်းများ ရေကျော်နေသည့် အတွက် သွားလာမှုများလည်း ယာယီ ပြတ်တောက်ခဲ့ရကြောင်း ကောလင်း ဒေသခံများထံမှ သိရသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment