Tuesday, October 13, 2015

ချောစန္ဒီထွန်း ကိစ္စ ... အရေးကြီးသည်။ မတရားသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ချောစန္ဒီထွန်း ကိစ္စ ... အရေးကြီးသည်။
မတရားသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
သူမ အပြစ်ဆိုတာကလည်း အင်အား
၅ သိန်းလောက်လေး ရှိတဲ့ နိုင်ငံအဆင့်
လက်နက်ကိုင် အဖွဲ့အစည်း ဝတ်တဲ့
ယူနီဖောင်းကို ထမိန်နှင့်
နှိုင်းလိုက်ရုံလေး ဖြစ်သည်။
သိပ်ထွေထွေထူးထူး မဟုတ်။
ဒါကိုပင် တရားစွဲပြီး ဖမ်းသွားကြခြင်း ဖြစ်သည်။
မတရားမှု ဖြစ်သည်။ တကယ်ဆို
ထိုစစ်သားငါးသိန်းကိုသာ ဖမ်းသင့်သည်။
သူတို့သာ ယူနီဖောင်း မပြောင်းလျှင်
ချောစန္ဒီထွန်းလည်း ဒါမျိုးရေးမည် မထင်။
နိုင်ငံတော်သမ္မတရဲ့ ပုံရိပ်ကို
ဖွဲ့ဆိုသော မောင်ဆောင်းခ၏
တော်လှန်ရေး ကဗျာဆိုလျှင်
စာပေနိုဘယ်ဆုပင် ပေးဖို့သင့်သည်။
" င့ါရဲ့ လိင်တံမှာ သမ္မတကြီးပုံတက်တူးနဲ့။
ငါ့ချစ်ဇနီးဟာ ငါနဲ့လက်ထပ်ပြီးမှ
ငါ့ကိုအော့နှလုံးနာလို့ မဆုံး..။ " ဟူသည်။
စာပေအဆီသြဇာ အပြည့်အဝပါသော
ရသစာပေ လက်ရာကောင်း ဖြစ်သည်။
မောင်ချောနွယ် လက်သစ် ကဗျာကဝေ
မောင်ဆောင်းခ ကို အမေစုသမ္မတဖြစ်လျှင်
အမျိုးသားစာပေဆု ပေးဖို့ တောင်းဆိုသွားမည်။
စစ်တပ်ယူနီဖောင်းကို ထမိန်နဲ့ နှိုင်းတာမျိုး၊
အင်္ဂလန်တွင် လုပ်လို့ရသည်။
စစ်တပ်က ထိုသို့ပြောသော သူကို အုန်းပွဲ၊
ငှက်ပျောပွဲနှင့် ဝန်ချတောင်းပန်မည်သာ ဖြစ်သည်။
မြန်မာပြည်မှာ ကျတော့ တရားစွဲသည်။
မတရားလိုက်လေခြင်း။
သမ္မတကို လိင်တံနှင့်နှိုင်းတာမျိုးသည်
အမေရိကန်တွင် လုပ်လို့ရသည်။
ထိုအခါသမ္မတက " ငါ့ကို အာ့မျိုး မပြောပါနဲ့ကွာ " ဟု
ဆိုပြီး ကပ်စေးနှဲနှင့် သကြားလုံးလေးများပေး
ချော့မော့ ပြောဆိုမည်သာ ဖြစ်သည်။
မြန်မာပြည်မှာ ကျတော့ တရားစွဲသည်။
မတရားလိုက်လေခြင်း။
ရေမရောသော ဒီမိုကရေစီ အစိုးရစစ်စစ်
တက်လာမှသာလျှင် အဖွဲ့အစည်းယူနီဖောင်းကို
ထမိန်နှင့်နှိုင်းတာမျိုး၊ သမ္မတကို လိင်တံနှင့်
နှိုင်းတာမျိုး ပြုလုပ်ခွင့် ရမည် ဖြစ်သည်။
လူတိုင်း လွတ်လပ်စွာ
အဖောင်းထုနိုင်ကြမည် ဖြစ်သည်။
ဒါသည်ပင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်။
ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင်
" လူအချင်းချင်း ကြိုက်သလိုပုတ်ခတ်၊
ပြောချင်သလိုပြော၊ ဆဲချင်သလိုဆဲ၊ မဖမ်းပါ "
ဆိုသော အာမခံချက်မျိုး ပေးနိုင်သည့်
ပါတီမျိုးကိုသာ မဲပေးဖို့ သင့်ကြောင်း
သတိချပ်ကြ စေချင်သည်။

သီဟသစ်



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: