ပြည်သူ (၆ဝ) ရာခိုင်နှုန်း ရွေးကောက်ပွဲ စိတ်မဝင်စား
........................................................................
၂ဝ၁၅ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြည်သူလူထု (၆ဝ)ရာခိုင်နှုန်းက စိတ်မဝင်စားကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့က ကောက်ယူထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့အနေဖြင့် ရွေးကောက်ပွဲအား ပြည်သူလူ ထု စိတ်ဝင်စားမှုရှိမရှိ စက်တင်ဘာလ (၁)ရက်နေ့ မှ (၇)ရက်နေ့ထိ ဗဟန်းမြို့နယ် အတွင်းမှ ပြည်သူ(၃ဝဝ)ကျော်ကို မေးမြန်း ခဲ့ပြီး စစ်တမ်းတစ်ခု ပြုစုခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ထံက သိရ သည်။
''အဘိုးကြီးတစ်ယောက်ဆိုရင် ငါ့ အသက်(၇ဝ)ရှိပြီ။ ခေတ်အဆက်ဆက် တက်လာတဲ့ ဘယ်ကိုယ်စားလှယ်ကမှ ငါတို့ ကောင်းရာကောင်းကျိုးကို မလုပ်ပေးနိုင်ခဲ့ဘူး တဲ့ အဲဒီတော့ ဘယ်သူပဲ တက်တက်၊ ဘာပဲလုပ် လုပ် စိတ်မဝင်စားဘူးတဲ့။ မဲလည်းမပေးဘူးတဲ့၊ အဲဒီလိုပြောတယ်။ ရန်ကုန်လို နေရာမျိုးမှာ တောင် ဒီလောက်စိတ်မဝင်စားဘူး ဖြစ်နေရင် နယ်ဘက်တွေမှာဆို ပိုဆိုးတာပေါ့ဗျာ''ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးတင်မောင်ဦးက ပြောသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment