Thursday, August 6, 2015

ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကို မကြောက်ရွံ့ရပဲ စစ်ပွဲတွေကို ဖန်တီး၊ ဒေသ ဖွံ့ဖြိုးရေးကို ဖျက်ဆီးနေတဲ့ KIA ကိုသာ ကြောက်နေရကြောင်း ဆွမ်ပရာဘွမ်ဒေသခံ တစ်ဦးကဆို =========================

ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကို မကြောက်ရွံ့ရပဲ စစ်ပွဲတွေကို ဖန်တီး၊ ဒေသ ဖွံ့ဖြိုးရေးကို ဖျက်ဆီးနေတဲ့ KIA ကိုသာ ကြောက်နေရကြောင်း ဆွမ်ပရာဘွမ်ဒေသခံ တစ်ဦးကဆို ========================================= 5, July, 2015 By Kachin People ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လက မိုးကောင်း၊ တနိုင်း၊ ဖားကန့်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး ဒေသခံပြည်သူများ အများအပြား ဒုက္ခရောက်ခဲ့ ကြပါသည်။ သို့သော် အစိုးရ၊ လူမှုကူညီအသင်းများ၊ တပ်မတော်သားများမှ ကူညီထောက်ပံ့မှုများ၊ ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်မှုများကြောင့်၊ ယခင်အတိုင်း ပုံမှန်ပြန်ဖြစ် သွားပြီဟု ဒေသခံတစ်ဦးမှ ပြောပြချက်အရ သိရှိရပါသည်။ ယခင်လို ပုံမှန်မဖြစ်သေးတာကတော့ KIA ထိန်းချုပ်နေရာတွေ၊ အတင်းအကြပ် ခေါ်ဆောင်ခြင်းခံရတဲ့ ဒုက္ခသည်တွေရဲ့ ကျေးရွာတွေ ဖြစ်ပြီး ဖျက်ဆီးချိုးဖျက်ခံရတဲ့ တံတားတွေ မိုင်းခင်းထားတဲ့ လမ်းတွေကတော့ ပိုပြီးတော့ ပေါလာတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။ ခုချိန်မှာ KIA မှ မြစ်ကြီးနား-ပူတာအို လမ်းမှ တံတား(၂)စင်းကို ဖျက်ဆီးခဲ့ပြီး၊ KIA မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ အတင်းအကြပ်ခေါ်ဆောင်ခံရတဲ့ ရွာသူရွာသားတွေနဲ့ KIA ထဲကို ဆွဲသွင်းခြင်းခံရတဲ့သူတွေ များနေပြီလို့ ၎င်းဒေသခံမှ ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။ ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကို မကြောက်ရွံ့ရပဲ စစ်ပွဲတွေကို ဖန်တီး၊ ဒေသ ဖွံ့ဖြိုးရေးကို ဖျက်ဆီးနေတဲ့ KIA ကိုသာ ကြောက်နေရကြောင်း ဆွမ်ပရာဘွမ်ဒေသခံ တစ်ဦးကဆို ========================================= 5, July, 2015 By Kachin People ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လက မိုးကောင်း၊ တနိုင်း၊ ဖားကန့်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး ဒေသခံပြည်သူများ အများအပြား ဒုက္ခရောက်ခဲ့ ကြပါသည်။ သို့သော် အစိုးရ၊ လူမှုကူညီအသင်းများ၊ တပ်မတော်သားများမှ ကူညီထောက်ပံ့မှုများ၊ ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်မှုများကြောင့်၊ ယခင်အတိုင်း ပုံမှန်ပြန်ဖြစ် သွားပြီဟု ဒေသခံတစ်ဦးမှ ပြောပြချက်အရ သိရှိရပါသည်။ ယခင်လို ပုံမှန်မဖြစ်သေးတာကတော့ KIA ထိန်းချုပ်နေရာတွေ၊ အတင်းအကြပ် ခေါ်ဆောင်ခြင်းခံရတဲ့ ဒုက္ခသည်တွေရဲ့ ကျေးရွာတွေ ဖြစ်ပြီး ဖျက်ဆီးချိုးဖျက်ခံရတဲ့ တံတားတွေ မိုင်းခင်းထားတဲ့ လမ်းတွေကတော့ ပိုပြီးတော့ ပေါလာတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။ ခုချိန်မှာ KIA မှ မြစ်ကြီးနား-ပူတာအို လမ်းမှ တံတား(၂)စင်းကို ဖျက်ဆီးခဲ့ပြီး၊ KIA မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ အတင်းအကြပ်ခေါ်ဆောင်ခံရတဲ့ ရွာသူရွာသားတွေနဲ့ KIA ထဲကို ဆွဲသွင်းခြင်းခံရတဲ့သူတွေ များနေပြီလို့ ၎င်းဒေသခံမှ ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

No comments: