မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 6, 2015
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(ပတ်ဂျီဆန်)အား အုပ်စုဖွဲ့အနိုင်ကျင့်မှု တားမြစ်အရေးယူပေးရန် ဒေသခံများ တောင်းဆို
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(ပတ်ဂျီဆန်)အား အုပ်စုဖွဲ့အနိုင်ကျင့်မှု တားမြစ်အရေးယူပေးရန် ဒေသခံများ တောင်းဆို
=========================================
5, August, 2015 By Kachin People
ကချင်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်အရေးအဖွဲ့(ပတ်ဂျီဆန်)အဖွဲ့ဟာ ဗန်းမော်၊ ၀ိုင်းမော်၊ တနိုင်း၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်းဒေသတွေမှာ ဥပဒေမဲ့ ဒုတ်/ဓါး လက်နက်များ ကိုင်ဆောင်ကာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ခွင့်ပြုချက်များ မပါပဲ ရှာဖွေခြင်း ဖမ်းဆီးခြင်း၊ ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများမှ သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း သိရှိရပါသည်။
၎င်းပက်ဂျီဆန်အဖွဲ့မှာ ဥပဒေမဲ့စွာ လုပ်ဆောင်နေခြင်းအပေါ် ဒေသခံပြည်သူများအတွက် များစွာစိတ်အနှောင့်အယှတ် ဖြစ်ရကြောင်း၊ မူးယစ်ဆေးဝါးအကြောင်းပြကာ ရှာဖွေခြင်း၊ ဖမ်းဆီး ရိုက်နှက်ခြင်းများ ပြုလုပ်နေကြောင်း၊ အမှန်တကယ် ရောင်းဝယ်ဖောက်ကားနေသူများကိုမူ ဖမ်းဆီးခြင်းမရှိပဲ ဆက်ကြေးတောင်းခံသွားကြောင်းနှင့် တချို့ဆက်ကြေးမပေးနိုင်သူများထံမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းကာ တခြားနေရာတွင် ပြန်လည်ရောင်းချခြင်းများ လုပ်ဆောင်နေ ကြကြောင်း ဒေသခံများပြောပြချက်အရ သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment