မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 20, 2015
KIA မိုင်းခွဲဖျက်ဆီးခဲ့သော ပူတာအို-မြစ်ကြီးနား ကားလမ်းပေါ်မှ လုံရှာယန်ကျေးရွာအနီးရှိ တံတား(၁)စင်းအား တပ်မတော်မှ လုံခြုံရေးဆောင်ရွက်ပေးပြီး လမ်း/တံတား ဆောက်လုပ်ရေး အဖွဲ့များ ဆောက်လုပ်ပြီးစီး
KIA မိုင်းခွဲဖျက်ဆီးခဲ့သော ပူတာအို-မြစ်ကြီးနား ကားလမ်းပေါ်မှ လုံရှာယန်ကျေးရွာအနီးရှိ တံတား(၁)စင်းအား တပ်မတော်မှ လုံခြုံရေးဆောင်ရွက်ပေးပြီး လမ်း/တံတား ဆောက်လုပ်ရေး အဖွဲ့များ ဆောက်လုပ်ပြီးစီး
=========================================
19, August, 2015 By Kachin People
ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား ကားလမ်း လုံရှာယန်ကျေးရွာအနီး၊ (ဒေသအခေါ်) ကျောက်ရေတွင်းအနီးရှိ တံတားအမှတ် (၃/၁၈၇) သံဘောင်ဘေလီတံတားအား ၂၀၁၅ သြဂုတ်လ (၅)ရက်နေ့က KIA သောင်းကျန်းသူအဖွဲ့မှ မိုင်းခွဲကာ မီးရှို့ဖျက်ဆီးသွားခဲ့သည်။
ထို့ကြောင့် ပတ်ဝန်းကျင် ကျေးရွာများမှာ သွားရေးလာရေး မိုပိုခတ်ခဲကြရသည်။ ၎င်းတံတားအား ပြင်ဆင်ဆောင်ရွက်ရန်အတွက် လမ်း/တံတား ဆောက်လုပ်ရေးအဖွဲ့များအား KIA မှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်သောကြောင့် တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေး ကြိုတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
၎င်းတံတားအား တပ်မတော်နှင့် လမ်း/တံတား ဆောက်လုပ်ရေးအဖွဲ့များ ပူးပေါင်းကာ သြဂုတ်လ(၁၅)ရက်နေ့က ပြီးစီးသွားပြီဖြစ်ကြောင်း၊ လုံရှာယန်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာရှိ ဒေသခံများက ဒေသအကျိုး ရပ်ရွာအကျိုးအတွက် ကူညီဆောင်ရွက်ပေးသူများ အားလုံးကို များစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားနေကြသည်ကို ကြားသိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment