မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, August 10, 2015
ကန့်ဘူမြို့နယ်အတွင်း ရေဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအားပြုပြင် ============
ကန့်ဘူမြို့နယ်အတွင်း ရေဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအားပြုပြင်
============================================
ကန့်ဘလူ သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ်တွင် ဇူလိုင်လလယ် နောက်ပိုင်း မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်း၊ တံတားများ ရေတိုက်စားခဲ့၍ ထိခိုက် ပျက်စီးမှုများရှိခဲ့သည်။ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် မှုမရှိစေရန် ကန့်ဘလူမြို့နယ် လမ်းဦးစီးဌာနက ယင်းပျက်စီးသွား သော လမ်း၊ တံတားများကို ဒေသခံ ပြည်သူများ လွယ်ကူစွာသွားလာနိုင် ရေး ပြုပြင်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ရွှေဘို-မြစ်ကြီးနား ကားလမ်း စံပါယ်နံ့သာ- ကန့်ဘလူ- ကျွန်းလှ လမ်း၊ မလယ်-ယမနေ-ဇီးကုန်း-ကာဘိုးလမ်းတို့၌ တံတားနှစ်စင်း ရေကျော်တိုက်စားမှုကြောင့် ပြိုကျ ပျက်စီးခဲ့မှုနှင့် တံတား ၁ဝ စင်း၏ ချဉ်းကပ်မြေသား တာပေါင်များ ရေတိုက်စားပျက်စီးခဲ့၍ ၄င်းတို့ကို ပြုပြင်ဆောင်ရွက် ပြီးစီးကြောင်း မြို့နယ်လမ်းဦးစီးဌာန AE ဦးရဲထွဋ် အောင်ထံမှ သိရသည်။
ထို့ပြင် မိုးအဆက်မပြတ် ရွာသွန်း ရက်များအတွင်း ယာဉ်များသွားလာမှု များပြားသော ရွှေဘို-မြစ်ကြီးနား ကားလမ်း၌ ယာဉ်များတိမ်းရှောင် ရာမှ လမ်းပခုံးမြေသား နိမ့်ကျွံနေ သော ဇင်းရွာနှင့် ပန်းကုန်းသာအပိုင်း များတွင်လည်း အမာခံလမ်းပခုံး သားများ ပြုပြင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment