Monday, August 10, 2015

အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်း ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရ =========================================

အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်း ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရ ========================================= ဖနောင်ပင် သြဂုတ် ၉ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့မြန်မာ စံတော်ချိန် ညနေ ၆ နာရီက ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အိုလံပစ် ကွင်း၌ မြန်မာနှင့်ထိုင်းအသင်းတို့ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းမှာ ဒုတိယ နေရာဖြင့် ကျေနပ်ခဲ့ရသည်။ အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် နှစ်ကြိမ်စီ ဗိုလ်စွဲထားသည့် မြန်မာနှင့် ထိုင်းတို့၏ဗိုလ်လုပွဲမှာ ထိုင်းအသင်းက သုံးဂိုးရရှိပြီး ချန်ပီယံဆုကို တတိယ အကြိမ်မြောက် ရရှိသွားသည်။ မြန်မာအသင်းမှာ ပွဲအစပိုင်းတွင် ထိုင်းကို ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကစားကွက်ပျက်သွား သလို ခံစစ်ပိုင်းအားနည်းမှုများကြောင့်လည်း ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ပွဲအစတွင် မြန်မာအသင်းက ကစားကွက်အသာဖြင့် ဦးဆောင်ကစားနိုင် ခဲ့သည်။ မြန်မာအသင်း၏ တိုက်စစ်တွဲလုံးများမှာ ထိရောက်ခဲ့ပြီး ဂိုးရရှိနိုင် သည့် အခွင့်အရေးများရရှိခဲ့သည်။ မိနစ် ၂ဝ ကျော်မှ ထိုင်းအသင်းကစားကွက် ပြန်မိလာပြီး မြန်မာအသင်းဘက်သို့ ထိုးဖောက်လာနိုင်သည်။ မြန်မာနောက်ခံ လူများမှာ စိုးရိမ်စိတ်များနေ၍ ထိုင်းအသင်းအခွင့်အရေးများ ရရှိခဲ့သည်။ ၄၁ မိနစ်တွင် ထိုင်းအသင်းဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောကို ဆစ်တီရတ်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရှိရန် ကြိုးပမ်းသော်လည်း ကစားကွက်တည်မရဖြစ်နေ၍ ထိုင်း အသင်းအလွယ်တကူ ဖျက်ထုတ်နိုင် ခဲ့သည်။ ထိုင်းအသင်းမှာ မြန်မာ အသင်းအမှားကို စောင့်ကစားခဲ့ပြီး အနိုင်ဂိုးများကို မိနစ် ၈ဝ တွင် နတ် တီပေါင်နှင့် ၈၂ မိနစ်တွင် ဂျင်နာ ဝပ်တို့က သွင်းယူပေးခဲ့သည်။ မြန်မာ အသင်းမှာ ဗိုလ်လုပွဲသို့ တတိယ အကြိမ်မြောက် တက်ရောက်ခဲ့ပြီး ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ခြင်းဖြစ် သည်။ ဖိုးသော်ဇင်

No comments: