ချောင်းဖြတ်ကူးစဉ် ရေစီးဖြင့်မျောပါကာ ရေနစ်သေဆုံး
================================
နေပြည်တော် သြဂုတ် ၉
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မလူလာကျေးရွာ တာပိန်မြစ်ချောင်းခွဲ ၌ သြဂုတ် ၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ရေနစ်သေဆုံးသူ အမျိုးသမီးနှစ်ဦး ၏ အလောင်းကိုဆယ်ယူထားကြောင်း သတင်းအရ ဗန်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ သေဆုံးသူများမှာ အဆိုပါကျေးရွာနေ မချောခိုင် (၁၄ နှစ်) နှင့် မအေးမိုး(၁၄ နှစ်)တို့ဖြစ်ပြီး ၄င်းတို့နှစ်ဦးသည် တစ်ရွာတည်းနေ မောင်အောင်ကျော်ဦး (၁၁ နှစ်)နှင့်အတူ တာပိန်မြစ်တစ်ဖက်ကမ်းသို့ ခရု သွားကောက်ပြီးအပြန် တာပိန်မြစ်ချောင်းခွဲကိုဖြတ်ကူးစဉ် မချောခိုင်နှင့် မအေးမိုးတို့ ရေစီးဖြင့်မျောပါသွားကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ဗန်းမော်မြို့မရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
ကိုရဲ
No comments:
Post a Comment