မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, August 10, 2015
ရေကြီးနစ်မြုပ်သည့်လယ်မြေများ ပြန်လည်ထူထောင်နိုင်ရေးဆွေးနွေး =============================================
ရေကြီးနစ်မြုပ်သည့်လယ်မြေများ ပြန်လည်ထူထောင်နိုင်ရေးဆွေးနွေး
=============================================
ကောလင်း သြဂုတ် ၉
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းနှင့်အဖွဲ့သည် သြဂုတ် ၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်က ကောလင်းမြို့နယ် အုပ်ချုပ် ရေးမှူးရုံးသို့ရောက်ရှိလာခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးတင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သန်းဦး၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့်တွေ့ဆုံ၍ လယ်ယာမြေကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကောလင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဇာတိမာန်ခန်းမ၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ကသာ၊ ကောလင်း၊ အင်းတော်၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ်များမှ (စက်မှု လယ်ယာမြေစာရင်း လယ်ယာမြေစီမံခန့်ခွဲမှုစိုက်ပျိုးရေး၊ ဆည်မြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်)ဦးစီးဌာန များမှ ဦးစီးမှူးများနှင့် တွေ့ဆုံပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပွား ခဲ့သည့် လယ်ယာမြေများကို ပြန်လည်ထူထောင်နိုင်ရေး လုပ်ငန်းဆိုင်ရာများ မိုးစပါးများ အချိန်မီပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခြင်း၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးလုပ်ငန်း စဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။ ဦးရဲ(ကသာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment