Monday, August 10, 2015

တပ်မတော်မှ ရေဘေးသင့်ဒေသများသို့ အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ် ================================

တပ်မတော်မှ ရေဘေးသင့်ဒေသများသို့ အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ် ================================ နေပြည်တော် သြဂုတ် ၉ တပ်မတော်အနေဖြင့် ရေဘေးသင့်ဒေသများသို့ အလှူ ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်လျက် ရှိရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခရီးစဉ်များတွင် လှူဒါန်းမှု ငွေကျပ်သိန်း ၉ဝဝ ကိုလည်းကောင်း၊ တိုင်းစစ် ဌာနချုပ်များက ဆန်အိတ် ၁ဝ၄၅ အိတ်၊ နို့ဆီဘူး ၅ဝ၊ ထင်းကားသုံးစီး၊ မုန့်ငါးဖာ၊ ကုလားပဲ ၁၆ အိတ်၊ ဒီဇယ် ငါးဂါလန်၊ စောင် ၄၉ ထည်၊ ထမင်းဘူး ၂၈၆၇၃ ဘူး၊ ကြက်ဥ ၉၆၉၉ လုံး၊ ငွေ ၁၄၆၈ ၄၂၃၂ ကျပ်၊ အဝတ် အထည်မျိုးစုံပါငါးထုပ်၊ ရေသန့်ဘူးသေး ၁၃၃၂၇ ဘူး၊ ရေသန့်ဘူးကြီး ၁၃၉၂ ဘူးနှင့် ဂါလန် ၆ဝဝဝ၊ ဆီ ၁၁၄၈ ပိဿာ၊ ဆား ၁၃ အိတ်၊ ခေါက်ဆွဲခြောက် ၂၂၇၂ ဖာ၊ ငါးပိငါးအိတ်၊ အာလူး ၈၃၉ ပိဿာ၊ ကြက်သွန်နီပိဿာ ၅ဝဝ၊ ငါးခြောက် ၁ဝ၁ ပိဿာ၊ ငရုတ်သီးခြောက် ၁၈ ပိဿာ၊ ဆီပုံးခွံ ၃၅ လုံး၊ အသားတု ပိဿာ ၁ဝဝ၊ အသား ဘူးသုံးဖာ၊ အသီးအရွက်ဘူးခြောက်ဖာ၊ စည်သွတ်ဘူး ၁၉ ဖာ၊ တီးမစ် ၁၅ ဖာ၊ ငါး ပိဿာ ၇ဝ တို့ကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ရေသန့်ဘူးသေး ၄ဝဝ၂ ဘူး၊ ရေသန့်ဘူးကြီး ၂၈ ဘူး၊ ခေါက်ဆွဲခြောက် ၁ဝ၈ ဖာ၊ စည်သွတ်ဘူး ၁၂၄၇ ဖာ၊ တီးမစ် ၁ဝ ဖာ၊ Malta Fresh ၁၃၁ ကတ်၊Sparkling Lemon ၁၅၃ ဖာ၊ ဘီစကွတ် ၂၄၆ ဖာတို့ကိုလည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် မှ ရေသန့်ဘူးသေး ၇၉၈ဝ ဘူး၊ ခေါက်ဆွဲခြောက် ၂၃၇ဝ ဖာ၊ အချိုရည် ၁၂၁ ဖာတို့ကိုလည်းကောင်း ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ရာ စုစုပေါင်း ဆန်အိတ် ၁ဝ၄၅ အိတ်၊ နို့ဆီဘူး ၅ဝ၊ ထင်းကားသုံးစီး၊ မုန့်ငါးဖာ၊ ကုလားပဲ ၁၆ အိတ်၊ ဒီဇယ်ငါးဂါလန်၊ စောင် ၄၉ ထည်၊ ထမင်းဘူး ၂၈၆၇၃ ဘူး၊ ကြက်ဥ ၉၆၉၉ လုံး၊ ငွေ ၁ဝ၄၆၈၄၂၃၂ ကျပ်၊ အဝတ်အထည်မျိုးစုံပါငါးထုပ်၊ ရေသန့်ဘူးသေး ၂၅၃ဝ၉ ဘူး၊ ရေသန့်ဘူးကြီး ၁၄၂ဝ ဘူးနှင့် ဂါလန် ၆ဝဝဝ၊ ဆီ ၁၁၄၈ ပိဿာ၊ ဆား ၁၃ အိတ်၊ ခေါက်ဆွဲခြောက် ၄၇၅ဝ ဖာ၊ ငါးပိငါးအိတ်၊ အာလူး ၈၃၉ ပိဿာ၊ ကြက်သွန်နီပိဿာ ၅ဝဝ ၊ ငါးခြောက် ၁ဝ၁ ပိဿာ၊ ငရုတ် သီးခြောက် ၁၈ ပိဿာ၊ ဆီပုံးခွံ ၃၅ လုံး၊ အသားတုပိဿာ ၁ဝဝ၊ အသားဘူးသုံးဖာ၊ အသီးအရွက်ဘူး ခြောက်ဖာ၊ အချိုရည် ၁၂၁၊ စည်သွတ်ဘူး ၁၂၆၆ ဖာ၊ တီးမစ် ၂၅ ဖာ၊ ငါးပိဿာ ၇ဝ ၊ Malta Fresh ၁၃၁ ကတ်၊Sparkling Lemon ၁၅၃ ဖာနှင့် ဘီစကစ် ၂၄၆ ဖာတို့ လှူဒါန်းခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မြစ်တွင်းသွား ဆေးရုံ (ရွှေပုစွန်)ရေယာဉ်သည် ရေဘေးသင့်ဒေသများ ဖြစ်သည့် ဟင်္သာတမြို့နယ်နှင့် ကြံခင်းမြို့နယ်တို့မှ အမျိုးသား ၂၇၆ ဦး၊ အမျိုးသမီး ၆၇၁ ဦးနှင့် ကလေး သူငယ် ၇၄ ဦးတို့အား လိုအပ်သည့် ဆေးဝါးကုသမှုများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။ (သတင်းစဉ်)

No comments: