Monday, August 10, 2015

ကချင့် အာဇာနည်နေ့ ဖြစ်ပေါ်လာ ပုံ အကျဉ်း

ကချင့် အာဇာနည်နေ့ ဖြစ်ပေါ်လာ ပုံ အကျဉ်း =========================== (Aug,9,2015) ကချင့် အာဇာနည်နေ့ အား ကချင်တမျိုးသားလုံး ၏တော်လှန်ရေး ဖခင် ကြီး KIA/KIOအား ဦးစီးတည်ထောင် သူ၊ KIO/KIA ၏ ပထမဦးဆုံးသော ခေါင်းဆောင်ကြီး လထော်ဇော်ဆိုင်း (GOC. Lahtaw Zau Seng) လုပ်ကြံခံရသော နေ့ (၁၉၇၅.သြဂုတ်လ၊ ၁၀)ရက်နေ့ အားအစွဲ ပြု ကာ နှစ်စဉ် သြဂုတ်လ (၁၀) ရက်နေ့ အား ကချင့် အာဇာနည်နေ့ အဖြစ် သတ်မှတ် ကာကျင်းပ ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ခေါင်းဆောင်ကြီး GOC, Lahtaw Zau Seng အား (1975,Aug,10) ရက်နေ့ ၌ ထိုင်းနိုင်ငံ ထမ်ငေါ့ကုန်းတွင် မတမာသူ(ဗမာ အစိုးရ၏ လက်ပါးစေ) ဆိုင်းတူး(ခ)တူးဗုံ ၏လုပ်ကြံပစ်ခတ်မှု ကြောင့် အသက် ဆုံးရှုံးခဲ့ ခြင်း ဖြစ်သည်။ GOC.Lahtaw Zau Seng သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ကေအိုင်အို နိုင်ငံခြား ဆက်ဆံရေးရုံးမှ ချင်းမိုင်ခရိုင် အတွင်း ရှိ ထိုစဉ်က ကေအိုင်အေ စစ်တပ် စခန်းသို့ အလာ တပ်စခန်း သို့ မရောက်မှီ လမ်းတ၀က်၌ ဤသို့ လုပ်ကြံပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုနေ့ အား (August,10) ရက်နေ့အား ကေအိုင်အို ဗဟိုမှ ကချင့် အာဇာနည်နေ့ အဖြစ် တရားဝင်သတ်မှတ် ပြီး (၂၀၀၆) ခုနှစ်မှ စတင် ကာ ကချင်လူထုအကြား နှစ်စဉ် သြဂုတ်လ (၁၀)ရက်နေ့ အား ကချင့် အာဇာနည်နေ့ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ လာခဲ့ ကြသည် ဖြစ်ကြောင်း သိရှိရပါသည်။ (ဓါတ်ပုံ-KIO/KIA ဦးစီးတည်ထောင်သူ ခေါင်းဆောင်ကြီး GOC. Lahtaw Zau Seng) (Lachid Kachin) ကချင့် အာဇာနည်နေ့ ဖြစ်ပေါ်လာ ပုံ အကျဉ်း =========================== (Aug,9,2015) ကချင့် အာဇာနည်နေ့ အား ကချင်တမျိုးသားလုံး ၏တော်လှန်ရေး ဖခင် ကြီး KIA/KIOအား ဦးစီးတည်ထောင် သူ၊ KIO/KIA ၏ ပထမဦးဆုံးသော ခေါင်းဆောင်ကြီး လထော်ဇော်ဆိုင်း (GOC. Lahtaw Zau Seng) လုပ်ကြံခံရသော နေ့ (၁၉၇၅.သြဂုတ်လ၊ ၁၀)ရက်နေ့ အားအစွဲ ပြု ကာ နှစ်စဉ် သြဂုတ်လ (၁၀) ရက်နေ့ အား ကချင့် အာဇာနည်နေ့ အဖြစ် သတ်မှတ် ကာကျင်းပ ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ခေါင်းဆောင်ကြီး GOC, Lahtaw Zau Seng အား (1975,Aug,10) ရက်နေ့ ၌ ထိုင်းနိုင်ငံ ထမ်ငေါ့ကုန်းတွင် မတမာသူ(ဗမာ အစိုးရ၏ လက်ပါးစေ) ဆိုင်းတူး(ခ)တူးဗုံ ၏လုပ်ကြံပစ်ခတ်မှု ကြောင့် အသက် ဆုံးရှုံးခဲ့ ခြင်း ဖြစ်သည်။ GOC.Lahtaw Zau Seng သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ကေအိုင်အို နိုင်ငံခြား ဆက်ဆံရေးရုံးမှ ချင်းမိုင်ခရိုင် အတွင်း ရှိ ထိုစဉ်က ကေအိုင်အေ စစ်တပ် စခန်းသို့ အလာ တပ်စခန်း သို့ မရောက်မှီ လမ်းတ၀က်၌ ဤသို့ လုပ်ကြံပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုနေ့ အား (August,10) ရက်နေ့အား ကေအိုင်အို ဗဟိုမှ ကချင့် အာဇာနည်နေ့ အဖြစ် တရားဝင်သတ်မှတ် ပြီး (၂၀၀၆) ခုနှစ်မှ စတင် ကာ ကချင်လူထုအကြား နှစ်စဉ် သြဂုတ်လ (၁၀)ရက်နေ့ အား ကချင့် အာဇာနည်နေ့ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ လာခဲ့ ကြသည် ဖြစ်ကြောင်း သိရှိရပါသည်။ (ဓါတ်ပုံ-KIO/KIA ဦးစီးတည်ထောင်သူ ခေါင်းဆောင်ကြီး GOC. Lahtaw Zau Seng) (Lachid Kachin)

No comments: