Monday, August 10, 2015

ကျေးရွာ (ရ) ရွာ မှ ရွာသူရွာသား ကလေး လူကြီး စုစုပေါင်း ( ၁၂၁၉) ယောက် စစ်ပြေး ဒုက္ခသည် အဖြစ် ပြေးလွှား ရှောင်တိမ်းနေရတယ် လို့ သိရပါတယ် ။

KIA တပ်မဟာ (၁) တပ်ရင်း (ရ ) နယ်မြေ ဆွမ်ပရာဘွမ် တစ်ဝိုက် ကို မြန်မာအစိုးရတပ် ပူးပေါင်းတပ်ရင်း အင်အား ထောင်ဂဏန်း ခန့်  ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် အနီးပါတ်ဝန်းကျင် မှာ ရှိနေတဲ့ စုစုပေါင်း ကျေးရွာ (ရ) ရွာ မှ ရွာသူရွာသား ကလေး လူကြီး စုစုပေါင်း ( ၁၂၁၉) ယောက် စစ်ပြေး ဒုက္ခသည် အဖြစ် ပြေးလွှား ရှောင်တိမ်းနေရတယ် လို့ သိရပါတယ် ။ မလိယန် ကျေးရွာ မှ ကလေးလူကြီး ( ၉၄) ဦး ၊ ဂျာရာယန် ကျေးရွာ မှ ( ၃၉၅) ဦး ၊ အင်ထန်ဇွပ် ကျေးရွာ မှ ( ၂၅၁) ဦး ၊ ဖုန်အိန်ယန် ကျေးရွာ မှ ( ၁၄၃ ) ဦး ၊ ဇွပ်ပရာယန် ကျေးရွာ( ၆၈) ဦး ၊ ဆမားဘွမ် ကျေးရွာ မှ ( ၁၉) ဦး ၊ လော့မိုင်ယန် ကျေးရွာ မှ ( ၅၀) ဦး စစ်ပြေး ဒုက္ခသည် အဖြစ် မိမိ ကျေးရွာ တွေကို စွန့် ပြီးတော့ စစ်ဘေး ရှောင်တိမ်း နေရပါတယ် ။ စားနပ် ရိက္ခာ ကအစ ဒုက္ခရောက်နေတဲ့ အဆိုပါ စစ်ပြေး ဒုက္ခသည်တွေကို ကူညီထောက်ပံ့ ပေးနိုင်ဖို့  ဘာသာရေး အဖွဲ့ အစည်း များ လူမှုရေး အဖွဲ့ များ အနေနဲ့  အဆိုပါဒေသ တွေကို သွားရောက် နိုင်ဖို့  တစ်လမ်းတည်းသော ရေကြောင်းလမ်း ကို ဖြတ်သန်းသွားလာ ခွင့်ပြုဖို့  သက်ဆိုင်ရာ အစိုးရ အာဏာပိုင် အဖွဲ့ တွေကို တောင်းဆိုနေပေမယ့် ဒီနေ့ ထိ ခွင့်ပြု ခြင်း မရှိသေးပါဘူး ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး တောထဲ တောင်ထဲ ပြေးလွား ရှောင်တိမ်းနေတဲ့ ထောင်ဂဏန်း ရှိနေတဲ့ စစ်ပြေး ဒုက္ခသည်တွေ စားနပ်ရိက္ခာပြတ်လပ် နေပြီး အကူအညီ အမြန် ဆုံး လိုအပ်နေတယ်လို့  ဒေသခံတွေ က တဆင့် သိရပါတယ် ။ ( ဆွမ်ပရာဘွမ် အနီးပါတ်ဝန်းကျင် ကျေးရွာများမှ စစ်ဘေးရှောင်တိမ်းနေရတဲ့ ဒေသခံတွေဖြစ်ပါတယ် ) ( Sumla - KBC )

No comments: