မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 20, 2015
ခါကာဘိုရာဇီရေခဲတောင်နှင့် ဘေးမဲ့တောထိန်းသိမ်းရေး ထူးကုမ္ပဏီ တာဝန်ယူလုပ်ဆောင်မည်ဟု ဦးတေဇပြော ===========================
ခါကာဘိုရာဇီရေခဲတောင်နှင့် ဘေးမဲ့တောထိန်းသိမ်းရေး ထူးကုမ္ပဏီ တာဝန်ယူလုပ်ဆောင်မည်ဟု ဦးတေဇပြော
=========================================
မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည့် ခါကာဘိုရာဇီ ရေခဲတောင်နှင့် ခါကာဘိုရာဇီ ဘေးမဲ့တောထိန်းသိမ်းရေးကို ထူးကုမ္ပဏီက တာဝန်ယူလုပ်ဆောင်ပေးမည်ဟု ဦးတေဇ၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။
ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက ခါကာဘိုကာဇီရေခဲတောင်နှင့် ခါကာဘိုရာဇီဘေးမဲ့တော တစ်ခုလုံး ထိန်းသိမ်းရေးအတွက် အချိန်ပြည့် လူအားဖြင့် ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သည့်ငွေကို မိမိနှင့် ထူးကုမ္ပဏီအောက်တွင် တာဝန်ယူနေသည့် ၀န်ထမ်းများက တာဝန်ယူပေးမည်ဟု ရေးသားထားသည်။
ထူးကုမ္ပဏီမှ ၀န်ထမ်းများသည် ခါကာဘိုရာဇီဘေးမဲ့သစ်တောကို တောင်တက်သမားများ အား ကယ်ဆယ်ရင်းရဟတ်ယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ ပျံသန်းလေ့လာကြည့်ရှုထားသဖြင့် ဧရာဝတီ၏အသက်ကို ဆုပ်ကိုင်ထားသော ခါကာဘိုရာဇီဘေးမဲ့သစ်တောတစ်ခုလုံး ထိန်းသိမ်း ရေးကို ရာနှုန်းပြည့် တာဝန်ယူမည်ဟု ဦးတေဇက ရေးသားထားသည်။
‘‘ဥက္ကဋ္ဌက ခါကာဘိုရာဇီမှာ ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်တာတော့ ကြာပါပြီ။ ခါကာ ဘိုရာဇီဘေးမဲ့တောနဲ့ သစ်တောတွေကို ထိန်းသိမ်းရေးအတွက် အဲဒီမှာရှိတဲ့ ဒေသခံတွေကို လစာ ပေးပြီးတော့ လုပ်နေတာကြာပါ ပြီ’’ဟု ထူးကုမ္ပဏီပြန်ကြားရေး တာဝန်ခံဦးဘိုထွန်းက ပြောသည်။
ခါကာဘိုရာဇီဒေသ ထိန်းသိမ်းရေးအတွက် မည်သို့လုပ်ဆောင်မည်ကို မသိရသေးသော် လည်း လက်ရှိ ခါကာဘိုရာဇီဒေသသည် ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရန် လုပ်ဆောင်နေရာ ယင်းနယ်ပယ်တွင် ထိန်းသိမ်းရေး လုပ်ဆောင်သင့်ကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာဦးသိန်းအောင်က ပြောသည်။
ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီနှင့် ခါကာဘိုရာဇီတောင်ဘက်ရှိ တိုးချဲ့နယ်မြေကို သုံးခု စုပေါင်း၍ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည်ဖြစ်ပြီး ယင်းနယ်မြေဒေသများ၌ တိကျသည့် သတင်းအချက်အလက်များရရှိရန် စစ်တမ်းကောက်ယူရမည်ဖြစ်၍ ယင်းလုပ်ငန်းစဉ်တွင် ကူညီ ဆောင်ရွက်သင့်သည်ဟု ဒေါက်တာသိန်းအောင်က ပြောသည်။
ခါကာဘိုရာဇီထိန်းသိမ်းရေးအတွက် အနာဂတ်တွင် လုပ်ဆောင်ရမည့်လုပ်ငန်းများကို အများပြည်သူသိရှိစေရန် အချိန်နှင့်တစ်ပြေးညီ ထူးကုမ္ပဏီ၏ လူမှုကွန်ရက်များ၌ တင်ပြမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအဖွဲ့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဒေသခံပြည်သူ များ အဖွဲ့အစည်းများကလည်း အကြံဉာဏ်များပေးနိုင်ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးထားသည်။
By 7Days
Subscribe to:
Post Comments (Atom)
No comments:
Post a Comment