လမ်းလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က လာရောက်နှောက်ယှက်ပစ်ခတ်နေပြည်တော်၊ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်းကျေးရွာနှင့် မန်လွယ်ကျေးရွာကြား၌ လမ်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား ဒီဇင်ဘာလ (၂) ရက်နေ့ နံနက် ၅ နာရီခန့်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောက်ယှက် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူသည် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
ဖြစ်စဉ်တွင် ကွတ်ခိုင်-မူဆယ်သွားကားလမ်းမကြီး၌ ယာဉ်မောင်း ကိုနောင်နောင်နှင့် ဦးဝင်းမြင့်တို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်နှစ်စီးမှာ KIA အကြမ်းဖက် သောင်းကျန်းသူများ၏ လက်နက်ငယ် ထိမှန်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများက ရန်သူဆုတ်ခွာရာနောက်သို့ လိုက်လံနယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းကြောင်းတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများမရှိဘဲ မော်တော်ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းစဉ်
No comments:
Post a Comment