2-12-2016
ဒီသတင်းကိုမရေးတော့ဘူးလို့နေမလို့ပါဘဲ၊ဒါပေမဲ့သစ်ထူးလွင်သတင်းဌာနက ပုံနဲ့တကွ မုန်းကိုးဗျူဟာကုန်းကို မြောက်ပိုင်းသူပုန်အဖွဲ့ကသိမ်းပိုက်လိုက်ပြီလို့သတင်းမှားရေးလိုက်တဲ့အတွက်ပြည်သူတွေထင်ယောင်ထင်မှားဖြစ်မှာစိုးလို့ဒီသတင်းကိုရေးလိုက်ပါတယ်။
ဒီဇင်္ဘာ ၁ရက်နေ့မှာ ကာကင်းကုန်းကိုဝင်လုံးဖို့ကြိုးပန်းတဲ့သူပုန်အဖွဲ့ဟာ တပ်မတော်လေက ဗုံးကြဲလေယာဉ်တွေနဲ့တိုးပြီး အလောင်းတွေမကောက်နိုင်ဘဲနယ်စပ်အနီးကချောင်းရိုးအတိုင်းဆင်းပြေးရတဲ့အကြောင်းရေးခဲ့ပါတယ်၊
K.8နဲ့ A.5လေယာဉ် တွေဟာတနေ့လုံးလိုလို အခေါက်ပေါင်းများစွာဗုံးမိုးရော့ကက်မိုး စက်သေနတ်မိုးရွာလိုက်တာဟာ ဒီဇင်ဘာ၁ရက်နေ့ဟာ အကြမ်းဆုံးအရမ်းဆုံးလို့တောင်ပြောရမှာပါ
သူပုန်တွေဟာ မြို့တွင်းနဲ့နယ်စပ်မှာခိုအောင်းနေပြီး လေယာဉ်တွေမလာနိုင်တဲ့ညဘက်မှာ အများအားဖြင့် ကာကင်းကုန်းနဲ့ဗျူဟာကုန်းကိုတက်တိုက်၊ အလင်းရောင်လာတာနဲ့ ထုံးစံအတိုင်းဟိုပုန်းဒီပုံး၊မြို့ထဲဝင်နေရတဲ့ ဘ၀ပါ၊မနေ့ကတော့ညနေစောင်းတွေမှာအရဲစွန့်ပြီးကာကင်းကိုးလျှပ်တပျက်တက်လုံးဖို့ကြိုးပန်းစဉ်ကံဆိုးစွာ ဗုံးကြဲလေယာဉ်နဲ့တိုးခြင်းပါ၊ ကား၃စီးတိုက်လောက်တရုပ်ဖက်ဆေးရုံးရောက်သွားပါတယ် ဒါကမနေ့ကအခြေအနေပါ။
2.12.2016ရက်နေ့
ရန်သူဟာ မြေပြင်ရော လေကြောင်းထိုးစစ်ကြောင့်အထိနာနေပြီဆိုတာ တပ်မတော်ကကောင်းကောင်းသိပါတယ်၊
မြို့ကိုခြေလျှင်ကချည်းဝင်သိမ်းရင် ရန်သူစနိုက်ပါတွေလက်ချက်နဲ့တပ်မတော်သားတွေကျဆုံးဒဏ်ရာရမှု့များနိုင်ပါတယ်၊ ရန်သူဟာ တပ်မတော်ရဲ့သံချပ်ကာယာဉ်တွေကိုကြောက်ပါတယ်၊မြို့သိမ်းတိုက်ပွဲတွေမှာ သံချပ်ကာယာဉ်တွေရဲ့အခန်းကဏ္ဍဟာအရေးပါမှန်းရန်သူကလဲသိပါတယ်၊ ဒါကြောင့်တံတားတွေချိုး၊ ဘူဒိုဇာတွေပါသုံးပြှီး သံချပ်ကာတွေမ၀င်နိုင်အောင်ဖြတ်တောက်ထားတဲ့နည်းဗျူဟာကိုသုံးစွဲပါတယ်
2.ရက်နေ့မှာတော့ တပ်မတော်ဟာ့နည်းဗျူဟာပိုင်းကိုအပြောင်းအလဲလုပ်လိုက်ပါတယ်၊ နည်းဗျူဟာအသေးစိတ်ကိုတော့မပြောတော့ပါဘူး၊ မော်စီတုန်းကတော့ သူ့စစ်ဗျူဟာကျမ်းမှာ ရေရှိရင်ငါးရှိရမယ်၊ပြည်သူရှိရင်ကွန်မြူနစ်ဆဲလ်တွေရှိရမယ်လို့ဆိုပါတယ်..
ဒါကြောင့် ဗကပတွေကိုတိုက်စဉ်က ရေမရှိအောင်ရေတွေကိုခပ်ထုတ်လိုက်ရင် ငါးတွေချည်းကျန်မှာပေါ့ဆိုတဲ့ သီအိုရီအတိုင်းပါဘဲ၊ခုလဲတပ်မတော်ကရေနဲ့ငါးခွဲထုတ်ပြီးတာနဲ့.
သမိုင်းမှာအပြင်းထံဆုံးဆိုတဲ့လေကြောင်းစစ်ဆင်ရေးကိုဆင်နွှဲခဲ့ပါတယ်
ဒီနေ့လေကြောင်းစစ်ဆင်ရေးမှာ F.7တွေ၊A.5တွေ၊ K.8တွေ၊ MI.35တွေ၊အပြင်Troopတွေကိုဗျူဟာကုန်းကို့ MI.17တွေနဲ့ ချပေးတဲ့ခေတ်မှီစစ်ဆင်ရေးတွေလဲပါဝင်ပါတယ်
မလွှဲမရှောင်သာ မြို့တွင်းမှာခိုအောင်းနေတဲ့ရန်သူကို Air Strike လုပ်ရတာမို့ မြိုကတော့ထိခိုက်မှု့တွေရှိပါတယ်၊ သမိုင်းရဲ့အပြင်းထန်ဆုံးသောလေယာဉ်မျိုးစုံနဲ့တိုက်တဲ့လေကြောင်းတိုက်ခိုက်မှု့ဟာ မော်ဖတို့၊ လောက်ကိုင်တို့ထက်အများကြီးပိုပြီးပြင်းထန်လွန်းလှပါတယ်။
မုန်းကိုး ဗျူဟာကုန်းနဲ့ ကာကင်းကုန်းမှာရှိနေတဲ့တပ်မတော်သားအားလုံး ကျမ္မာချမ်းသာစွာနဲ့ တိုင်းပြည်တာဝန့်များ ကိုထမ်းဆောင်လျှက်ရှိကြောင်း ပြည်သူများကိုအသိပေးကာ သစ်ထူးလွင်သတင်းမမှန်ကြောင်းရေးသားတင်ပြလိုက်ပါတယ်။
StarShinester
No comments:
Post a Comment