နေပြည်တော်၊ ဒီဇင်ဘာ ၂
မူဆယ်မြို့နယ် ကောင်းခါးကျေးရွာအနီး ဒီဇင်ဘာ ၂ ရက် နံနက် ၄နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ရာ အပြစ်မဲ့ပြည်သူတစ်ဦးဖြစ်သူ သီပေါ်မြို့နေ ယာဉ်မောင်း ဦးကျော်ကျော် မောင်သည် ဗုံးစထိမှန်းပြီး ယာဘက်ပေါင်နှင့် ခြေဖ၀ါးတို့၌ ဒဏ်ရာရရှိခဲ့သဖြင့် မူဆယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးဝါးကုသလျက်ရှိကြောင်းသိရသည်။
ဒီဇင်ဘာ ၁ရက် နံနက် ၈နာရီကလည်း မန်တုံမြို့နယ် ကောင်းမူကျေးရွာနေ ဒေါ်အေးပေါင်းသည် လက်နက်ကြီးသံများကြား၍ အိမ်နောက်ဘက်ရှိ ကျင်းအတွင်းပုန်း ခိုနေစဉ်အတွင်း အနီး၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် နှာခေါင်း၊ ၀ဲဘက်ပါးပေါက်ပြဲဒဏ်ရာရရှိသောကြောင့် နမ္မတူပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
by သစ်ထူးလွင်



No comments:
Post a Comment