အစိုးရသစ်လက်ထက် ရှစ်လတာကာလအတွင်း နယ်စပ် ကုန်သွယ်ရေးဂိတ်စခန်း ၁၅ ခုအနက် စခန်းခြောက်ခုတွင် ကုန် သွယ်မှုလျော့ကျခဲ့ကြောင်း သတင်းရရှိသည်။
လျော့ကျခဲ့ကုန်သွယ်စခန်း များမှာ မူဆယ်၊ ကျိုင်းတုံ၊ တာချီ လိတ်၊ ကော့သောင်း၊ ထီးခီးနှင့် စစ်တွေတို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ သန်း ၂၂၀ ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။
အဆိုပါနယ်စပ်ကုန်သွယ် ရေးစခန်းခြောက်ခုမှာ လက်ရှိအ ချိန်တွင် ကုန်သွယ်မှုအမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံရှိပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူ တွင် ၃ ဒသမ ၅ ဘီလီယံရှိကာ အထက်ပါပမာဏလျော့နည်းနေ ခြင်းဖြစ်သည်။
‘‘မူဆယ်က တိုက်ပွဲတွေဖြစ် ပြီး မသွားရဲကြတော့ အခြားဂိတ် ကနေ သယ်ကြတယ်။ မှောင်ခိုက သယ်ကြတာ။ ဒါကြောင့် လျော့ နည်းတာဖြစ်မယ်’’ဟု မူဆယ်နယ် စပ်ဂိတ်တွင် ကုန်သည်တစ်ဦးက ပြောသည်။
ကုန်သွယ်မှု လျော့နည်း သည့် စခန်းများအနက် မူဆယ် ကုန်သွယ်ရေးစခန်းတစ်ခုတည်း မှာပင် အမေရိကန်ဒေါ်လာသန်း ၂၁၀ ကျော်ရှိသည်။ အဆိုပါမူ ဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း တွင် တိုက်ပွဲများဖြစ်ပွားပြီး ကုန် သွယ်မှုပြတ်တောက်ခြင်းကြောင့် လည်း ပါဝင်ကာ တိုက်ပွဲများစတင် ဖြစ်ပွားချိန်မှစတင်ပြီး တစ်ပတ်အ တွင်း ကုန်သွယ်မှုအမေရိကန်ဒေါ် လာ သန်း ၇၀ နီးပါး လျော့ကျခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးစခန်း ခြောက်ခုမှာ ကုန်သွယ်မှုလျော့ကျ ခဲ့သော်လည်း အခြားနယ်စပ်ကုန် သွယ်မှုစခန်းကိုးခုမှာ မြင့်တက်ခဲ့ သဖြင့် နယ်စပ်ဂိတ်များတွင် စုစု ပေါင်းကုန်သွယ်မှု အမေရိကန် ဒေါ်လာသန်း ၁၈၀ နီးပါးမြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီး ဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ချင်းရွှေဟော်နယ်စပ်ကုန် သွယ်ရေးစခန်းမှာ မနှစ်က ဘဏ္ဍာရေးနှစ်ထက် ကုန်သွယ်မှုပိုခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုအမေရိကန် ဒေါ်လာသန်း ၁၅၀ ကျော်ရှိခဲ့ပြီး အားလုံးနီးပါးမှာ ပို့ကုန်တန်ဖိုးမြင့် တက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ မြ ဝတီနယ်စပ် ကုန်သွယ်ဂိတ်၌ ကန်ဒေါ်လာသန်း ၁၃၀ နှင့် လွယ်ဂျယ်မှ သန်း ၆၀ နီးပါး ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ကထက် ပိုခဲ့သည်။
No comments:
Post a Comment