Sunday, December 11, 2016

အစ္စလာမ်ဘာသာနှင့် ဆလိုဗက်နိုင်ငံတို့ သဟဇာတမရှိဟု ၀န်ကြီးချုပ်ကဆို --- ---- ----

ဆလိုဗက် ၀န်ကြီးချုပ်က ၄င်းနိုင်ငံတွင် အစ္စလာမ်များအတွက် နေရာမရှိဟု ပြောကြားလိုက်ကြောင်း Politico သတင်းဖော်ပြချက်အရ သိရသည်။

“ဒီကိစ္စကို ကြည့်မယ်ဆိုရင်တော့ ထူးဆန်းမယ်လို့ ထင်ရတယ်။ ဒါပေမယ့် ၀မ်းနည်း ပါတယ်။ အစ္စလာမ်တွေ အတွက် ဆလိုဗက်ကီးယာမှာ နေရာမရှိပါဘူး”ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြောဆိုခြင်းမှာ ရွှေ့ပြောင်းဒုက္ခသည်များ ၀င်ရောက်လာသည့်အတွက် မဟုတ်ကြောင်း ၀န်ကြီးချူပ်က ပြောခဲ့သည်။


ဆလိုဗက်ကီးယား ၆ လတာ ဥရောပသမဂ္ဂ ဥက္ကဋ္ဌသို့ ဇူလိုင် ၁ ရက်က စတင် တာဝန်ယူရမည် ဖြစ်သည်။

ဆလိုဗက်ကီးယားနိုင်ငံသည့် ၂၀၀၄ ခုနှစ်ကတည်းက ဥရောပသမဂ္ဂသို့ ၀င်ရောက် ခဲ့သည့်မှာ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ အဖွဲ့တွင် ခြောက်လကျော် ကြာမြင့်ခဲ့သော်လည်း အချို့ ဥရောပသမဂ္ဂ၏ ဒုက္ခသည် ရွှေ့ပြောင်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ရန် ငြင်းဆိုလျက်ရှိသည်။

ဥရောပပြည်သူ့ပါတီမှ တာဝန်ရှိသူတစ်ဦးက “ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဘရပ်ဆဲလ်မှာ လုပ်တဲ့ အစည်းအဝေးမှာ ဆလိုဗက် သမ္မတအကြောင်း စိတ်အား ထက်သန်စွာ ပြောဆိုခြင်းမရှိဘူး” ဟု Politico သတင်းဌာနသို့ ပြောသည်ဟု ဖော်ပြ ထားသည်။

တာဝန်ရှိသူတစ်ဦးက “ရွှေ့ပြောင်းကိစ္စနှင့် ပတ်သက်ပြီး ငါတို့ အလယ်ထဲရောက်နေပြီ။ ကိစ္စအားလုံးကလည်း လုပ်ဆောင်ပြီး ဖြစ်တယ်” ဟု ပြောသည်။

စိုင်းဟန်

The Ladies News

No comments: