Sunday, December 25, 2016

ဟွာရှိန်အထည်ချုပ်စက်ရုံတွင် လူတစ်ဦး စက်လှေကားညပ် သေဆုံးမှုဖြစ်ပွား

 


သာယာဝတီ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီးသာယာဝတီ မြို့နယ်ရန်ကုန်-ပြည်လမ်းရှိ ဂုံမင်း မြောင်ကျေးရွာတောင်ပိုင်းကံကလေး ကျေးရွာနှင့် ဆက်သွယ်ရေးလမ်း ရှိ ဟွာရှိန်အထည်ချုပ်စက်ရုံတွင် ဒီဇင်ဘာလ (၂၃)ရက်နေ့က လူတစ်ဦးစက်လှေကား ညပ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ကျွန်းကုန်းကျေးရွာ အုပ်စု ကျွန်းကုန်းကျေးရွာနေ အလုပ် သမားဖြစ်သူ (ဘ)ဦးတင်စိုး၏ သား ကိုအောင်ကိုလတ် (ခ) ကိုအငယ်လေးသည် အထည်ချုပ် စက်ရုံမှ ချုပ်ပြီးသောအင်္ကျီပါကင် ထုပ်အား အောက်ထပ်မှ အပါ် ထပ်ရှိ ပါကင်ထုပ်များထားရာ နေရာဖြစ်သည့် စက်ရုံအပေါ်ထပ် သို့ အလျားရှစ်ပေ၊ အမြင့် ခြောက်ပေခွဲရှိ စက်လှေကားဖြင့် ပို့ဆောင်စဉ် ဓာတ်လှေကားအတွင်း ဘက် ခြောက်လက်မ၊ သုံးလက်မ ခန့်ရှိသံပေါင်နှင့်ကိုအောင်ကိုလတ် ၏လည်ကုပ်ကိုချိတ်မိပြီး စက်လှေ ကားအပေါ်သို့တက်နေစဉ်ညပ်ကာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့သည်။


သေဆုံးမှုမှာ ဓမ္မတာအတိုင်း ဟုတ် မဟုတ်ကို သာယာဝတီ မြို့မရဲစခန်းမှစခန်းမှူးဒုတိယရဲမှူး တင်ထွဋ်က အမှုကိုလက်ခံစစ် ဆေးပြီး သေမှုသေခင်းအမှတ်စဉ် ၃ဝ/၂ဝ၁၆ ဖြင့် စစ်ဆေးဆောင် ရွက်နေလျက်ရှိသည်။

အခင်းဖြစ်နေရာသို့သာယာဝတီ မြို့နယ် မီးသတ်စခန်းဦးစီးမှူး ဦးဇော်နိုင်ဝင်းပါငါးဦး၊သုံးဆယ်မြို့ ကရုဏာရှင်လူမှုကူညီရေးအသင်းမှ ခြောက်ဦးတို့သည်စက်လှေကားညပ် ကာသေဆုံးနေသော ကိုအောင်ကို လတ်အားစက်လှေကားမှသံပေါင်နှင့် အခင်းများကို လေးနာရီကြာဖျက် ထုတ်ပေးခဲ့ရကြောင်း မီးသတ်ဦးစီး မှူးဦးဇော်နိုင်ဝင်းက ပြောသည်။

ဖိုးစံ(သာယာဝတီ)
The Union Daily

No comments: