Wednesday, December 14, 2016

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိပါက ပြည်သူများ၏လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဟု ဦးခင်ရီပြော





ရန်ကုန်၊ ဒီဇင်ဘာ (၁၄) ရက်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၁၇ ခုနှစ်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက ပြည်သူများ၏လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပါတီ၏ စည်းကမ်းထိန်း သိမ်းရေးကော်မတီဥက္ကဌ ဦးခင်ရီကပြောဆိုလိုက်သည်။

“ကျွန်တော်တို့သာ ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်းကိုဝင်ရောက်ခွင့်ရမယ်ဆိုရင် တကယ့်ပြည် သူတွေမှာ ဘာတွေလိုအပ်နေသလဲ။ ဘယ်လိုအခက်အခဲရှိသလဲပေါ်မှာမူတည်ပြီးတော့ အောင်မြင်အောင် အ ကောင်အထည်ဖော်ဆောင်ရွက်ပေးမှာပါ”ဟု ဦးခင်ရီက ဒီဇင်ဘာ ၁၃ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်(၉)နေရာ၊ ပြည်သူ့လွှတ်တော်(၃)နေရာနှင့် ပြည်နယ်လွှတ်တော်နေရာ(၇)နေရာအပါအဝင် စုစုပေါင်း လစ်လပ်ကိုယ်စား လှယ်(၁၉)နေရာကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင် သတ်မှတ်ချက်(၃)ချက်ဖြင့် ကိုက် ညီစေရန်ရွေးချယ်ခဲ့ပြီး ပထမအချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ညီညွတ်ရမည့်အပြင် ရွေးကောက် ပွဲကော်မရှင်ဥပဒေများ၊ ပြည်ခိုင်ဖြိုးပါတီမှ သတ်မှတ်ချက်များနှင့် ညီညွတ်ရမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ပါတီကြည့်ပြီးမဲပေးခဲ့ပြီးပြီ။ ဒီတစ်ခါတော့ ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်နိုင်ချက် တွေပေါ်မူတည်ပြီး လူကိုကြည့်ပြီး မဲပေးဖို့လုပ်ထားတယ်။”ဟု ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်နေ ဦးသိန်း အောင်ကပြောသည်။

၂၀၁၇ ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်(၂၁) ခုတွင်ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးပါတီ(၂၄)ခုမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း(၉၆)ဦးက ဝင်ရောက်ယှဉ်ပြိုင် ရန်စာရင်းပေးထားကြောင်း သိရသည်။

မြစ်မခ မီဒီယာ၊
မြစ်မခ သတင်းအေဂျင်စီ။
ရွှေမြစ်မခ မီဒီယာဂရု ကုမ္ပဏီလီမီတက်ခ်။
.

No comments: